(11)

1K 180 7
                                    

(Unicode)

I'm tripping and I could not get over
ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား…

I feelin' lucky, like a four leaf clover
လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့…

thinking what, it could be You & Me .
စဉ်းစားကြည့်ပါဦး…  အဲ့တာ မင်းနဲ့ငါပဲ မဟုတ်လား ။

.…………

အိုမယ်ဂါသည် အယ်လ်ဖာ၏ ထွေးပွေ့မှုကို မတွန်းလှန်နိုင် ။ အယ်လ်ဖာသည်လည်း အိုမယ်ဂါ၏ လှပမှုကို မငြင်းဆိုနိုင် ။ ထို့ကြောင့်ပင် ငယ်ချစ်ဦး အယ်လ်ဖာနှင့် အိုမယ်ဂါသည်  ဒရာမာမဆန်စွာပင် ချက်ခြင်းလိုလို ပြန်လည်ပေါင်းထုတ်သွားခြင်းဖြစ်သည် ။ တစ်ခုတည်းသော ပြသနာသာ ကျန်ရှိသည် ။ ယင်းမှာ……

" လက်ထပ်ကြမယ်… "

" မထပ်ဘူး… "

" ဘေဘီ … ကိုယ်မင်းကို ချစ်ခဲ့တာ ၉နှစ်ကျော်သွားပြီ…  "

" မဟုတ်ဘူး… ခဗျားနဲ့ ကျနော် ပြန်တွဲကြတာ ခုမှ ငါးလကျော်ရုံပဲ ရှိသေးတာ… "

မျက်နှာချင်းဆိုင်ကာ ငြင်းခုန်နေကြသော အတွဲ၏ ဘေး နားနေခန်းထိုင်ခုံပေါ်တွင် ကျောင်းအုပ်ကြီး ဆရာကျန်း… သမိုင်းသင်သော ဆရာဝမ်ဒု နှင့် အထက်တန်းမှ ကလေး၃ယောက် ရှိနေသည် ။ သို့သော်လည်း ထိုအတွဲက ဂရုစိုက်ဟန်မတူပါ ။

" ကိုယ် မင်းကို အမှတ်အသားလုပ်ပြီးပြီလေ အချစ်ရယ်… လက်ထပ်ကြမယ်လေ… နော်… "

ကာယဆရာ ဆရာလိုအီသည် ထင်ထားသည်ထက် ပို၍ စိတ်ရှည်ပါသည် ။ စိတ်ရှည်စွာဖြင့် ဂီတဆရာဆရာဘီလီ့နောက်မှ တကောက်ကောက်လိုက်ကာ လက်ထပ်ခွင့်တောင်းတတ်သည် ။

" အမှတ်အသားပဲ လုပ်ရသေးတာလေ…  တခြားဘာများဖြစ်သေးလို့လဲ…  "

ဆရာဘီလီကလည်း ဆရာဘီလီပင်ဖြစ်သည် ။ " အထောက်အကူမလိုဘဲ ရှင်သန်နိုင်သည် " ဟူသော ဆောင်ပုဒ်ကို လည်မှာဆွဲခေါင်းပေါ်တင်ထားသည့်အလား လက်ထပ်မည့်အရေးကို အကြောက်အကန် ငြင်းဆိုနေသည် ။

" ဘီလီ…… ငါ ထင်တာတော့…… "

" မထင်နဲ့ … ရပြီ… "

You & Me : Alpha & Omega (COMPLETED)Where stories live. Discover now