[Unicode]
ခွက်ဝင်နေသော သူ့ပါးချိုင့်ကို စိုက်ကြည့်ရင်း ဘီလီ ပါးစပ်လှုပ်ရုံသာ ပြောမ်ိသည် ။
ငုံးကောင်ကြီး …။
………………
လွန်ခဲ့သော နှစ်နှစ် ။
ဂျက်ဆင်ဗေးလ် ၊ ဖလော်ရီဒါပြည်နယ်။
ဝယ်လင်တန် အစိုးရအထက်တန်းကျောင်း။" Genetic လို့ ခေါ်တဲ့ လူသားတွေရဲ့ မျိုးရိုးဗီဇကို Type ၃မျိုး ခွဲခြားနိုင်တယ်… Type A… Type B နဲ့ Type O…
မှတ်စုတွေ စစ်မှာမလို့ လိုက်မှတ်ထားပါ… "အထက်တန်းပထမနှစ်… တန်းခွဲB တွင်ဖြစ်သည် ။
ကိုရီးယားလူမျိုး ဇီဝဗေဒဆရာဝမ်ဒုဂီ သည် အတန်းသားများအား မျိုးရိုးဗီဇအခန်းကို သင်ကြားလျက်ရှိသည်။" Type A … အရပ်အခေါ် Alpha / အယ်လ်ဖာ … pure dominant / အပြည့်အဝလွှမ်းမိုးသူတွေ လို့ သတ်မှတ်နိုင်တဲ့ ခွန်အားအမြင့်ဆုံးမျိုးနွယ်တွေဖြစ်တယ်…မ်ျိုးဆက်တစ်ဆက်ရဲ့ ဖခင်နေရာမှာ ရှိတယ်…
အယ်လ်ဖာတွေရဲ့ဝိသေသလက္ခဏာက Alpha Fang လို့ခေါ်တဲ့ ချွန်ထက်တဲ့သွားစွယ်တွေနဲ့ Aura / အရှိန်အဝါ တ်ို့ ဖြစ်တယ်… Fangတွေကကြီးကောင်ဝင်ချိန်မှာ ကြီးထွားလာကြတယ်… ပြင်းထန်တဲ့ Auraကို ထုတ်လွှတ်ပြီး သူ့ထက် နိမ့်ကျတဲ့ မျိုးနွယ်တွေကို လွှမ်းမိုးနိုင်တယ်…
Type B…… "*ဗြုန်း!!!!! *
ဆရာဝမ်ဒုဂီ ၏ လက်သီးဆုပ်က သင်ပုန်းစိမ်းစိမ်းလေးကို ထိခတ်သံက ညံကနဲ ။ ပျင်းပျင်းရိရိ ကုတ်ကွေးနေကြသော ကျောင်းသူကျောင်းသားများ၏ ကျောပြင်များကလည်း မတ်ကနဲ ။
"Type B… အရပ်အခေါ် Beta/ ဘီတာ… အခြေခံအကျဆုံးနဲ့ သာမာန်အဆန်ဆုံး အလယ်အလတ်မျိုးနွယ်ဖြစ်တယ် … Dominant/လွှမ်းမိုးသူ နဲ့ Submissive/သယ်ဆောင်သူ အချိုးကျကျ ရှိတယ်…
ဘီတာတစ်ဦးမှာ Aura / အရှိန်အဝါ လည်း မရှိသလို Phenomone / ကိုယ်သင်းနံ့ လည်း မရှိဘူး… နောက်ဆုံးတမျိုး………Type O……"*ဝုန်း !!!!! *
ဆရာဝမ်ဒုဂီ၏ လက်သီးဆုပ်က ကျောက်သင်ပုန်းပေါ်သို့ ထပ်မံ ကျရောက်သွားပြန်ပါသည်။
ဆရာဝမ်ဒုဂီ၏လက်သီးမှာ အစွမ်းထက်လှသည်။တနေ့လျှင် နာရီ၂၀အိပ်သည်ဟုဆိုသောကြောင်များထက် နှစ်နာရီပိုအိပ်တတ်သော ကျောင်းအုပ်ကြီးမစ္စတာကျန်း ကိုပင် နိုးလာစေနိုင်သည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများက သူ့ကို One punch Man ဆိုင်းသမား(Saitama) သို့မဟုတ် 'လက်သီးတလုံး ရွှေကတုံး' ဟူသော ဘွဲ့ထူးပေးအပ်ထားကြသည် ။
KAMU SEDANG MEMBACA
You & Me : Alpha & Omega (COMPLETED)
Fiksi PenggemarI'm tripping and I could not get over ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား... I feelin' lucky, like a four leaf clover လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့... thinking what, it could be You & Me . စဉ်းစားကြည့်ပါဦး... အဲ့တ...