[Unicode]
Mini story ဖြစ်ပါသည်။ ထို့ကြောင့် စောဒကမတတ်ပါနှင့် ။
Fiction ဖြစ်သောကြောင့် အပြင်လောကမှ လူများနှင့် ယောင်၍မျှ မနှိုင်းယှဉ်လိုက်ပါနှင့် ဟု မှာကြားအပ်ပါသည်။
story line တခုလုံးသည် 16+ rating ဖြစ်ပါသဖြင့် အသက်အရွယ် ချိန်ဆ၍ ဖတ်ရှုပါရန် ။
_____________________
ဝယ်လင်တန် အစိုးရအထက်တန်းကျောင်း။
'Willinton Dragon King' သို့မဟုတ် 'ဝယ်လင်တန်ရဲ့နဂါးဘုရင်' ဘတ်စ်စကတ်ဘောအသင်း သည် နှစ်ပေါင်းများစွာတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်ကိုယ်စားပြု ဆုကို ဆွတ်ခူးရရှိခဲ့သည်။
" ဝေးး………ဟေးး…… "
ကြီးမားကျယ်ပြန့်သော အားကစားခန်းမတစ်ခုလုံးသည် ကျောင်းသားကျောင်းသူများ၏ လက်ခုပ်သြဘာသံများဖြင့် ဆူညံလျက်ရှိသည် ။
" ဝယ်လင်တန်ရဲ့နဂါးဘုရင် ကွ…… !!!! "
ကျောင်းလက်ရွေးစင်ဘတ်စ်ကတ်ဘောအသင်းသားများ၏ ဟစ်ကြွေးသံက ညံကနဲ ။ ရယ်မောသံ ဟစ်ကြွေးသံ လက်ခုပ်သံများကြားတွင် နောက်ဆုံးခုံမှ တယောက်သောသူသည် လက်ညိုးနှင့်လက်ခလယ်ကို ပါးစပ်ထဲ ထည့်ကာ တတိတိ ကိုက်နေလေသည် ။
ဘီလီ နောင်တရပြီ… အကြီးအကျယ်ကို နောင်တရနေပါပြီ ။
ဘာကြောင့်လဲ… ဘာကြောင့်ပါလဲ… ။
မတည်ရဲသောကတိကို ဘာကြောင့် ပေးလိုက်ပါသလဲ ။
ကိုယ့်ဘာသာကိုယ်မေးပြီး ကိုယ့်ဘာသာကိုယ် ပြန်ဖြေလိုက်ပါ အသင် ဘီလီဗြောင်… ။လက်ညိုး နှင့် လက်ခလယ်ကို ကိုက်နေရင်း ဒူးဆစ်များကလည်း တဆတ်ဆတ်တုန်နေလေပြီ ။
ဘီလီ ဒီညကို ဘယ်လိုများ ဖြတ်သန်းရပါမည်နည်း ။ကွက်ကျော်မြင်တတ်ပြီး အတွေးများသော ကျောင်းဆရာလေး၏ ခေါင်းထဲတွင် ဖယူးချားပလန်များက တတိန်တိန်ပေါ်ချလာသည် ။
အသာလေးလစ်ထွက်ပြီး အိမ်ပြန်ပြေးမည် ။ တီငယ် နှင့် ဒေါ်လေးဆီက ပိုက်ဆံဘတ်မည်။ ပြီးတာနှင့် လေဆိပ်ပြေး… လေယာဉ်လက်မှတ်ဝယ်ပြီး ကိုရီးယားကို တခါတည်း ပြေးမည် ။ ဒေးဂျွန်းက အိမ်က်ို ပြန်ရောက်သည် နှင့် စောင်ခြုံပြီး အခန်းသော့ခတ်ထားမည်။ ဟုတ်ပြီ ။
ESTÁS LEYENDO
You & Me : Alpha & Omega (COMPLETED)
FanficI'm tripping and I could not get over ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား... I feelin' lucky, like a four leaf clover လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့... thinking what, it could be You & Me . စဉ်းစားကြည့်ပါဦး... အဲ့တ...