(9)

1.2K 176 8
                                    

[U]

I'm tripping and I could not get over
ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား…

I feelin' lucky, like a four leaf clover
လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့…

thinking what, it could be You & Me .
စဉ်းစားကြည့်ပါဦး…  အဲ့တာ မင်းနဲ့ငါပဲ မဟုတ်လား ။

.…………

နေသာသော မနက်ခင်းတစ်ခုဖြစ်ပါသည် ။

" မောနင်း တီလေး… မောနင်း ဒေါ်လေး… ဘီ သွားတော့မယ် …  "

ရက်ကို လစားသည် ။ လကို နှစ်စားသည် ။ အချိန်များတရွေ့ရွေ့ကုန်ဆုံးလာသည် ။ လှေကားထစ်များထက်မှ ဆင်းလာသော ဘီလီသည် အသက် ၁၇နှစ် ပြည့်ခဲ့ပြီ ။ မကြာခင်တွင်ပင် အထက်တန်းတတိယနှစ်စာမေးပွဲကိုပင် ဖြေရတော့မည်ဖြစ်သည် ။
စိတ်မကောင်းဟန်ဖြင့် လှမ်းကြည့်နေကြသော ဒေါ်လေးနှင့် တီလေးကို ပြုံးပြရင်း ဘီလီအိမ်မှထွက်ခဲ့သည်။ ကျောင်းသွားခါနီးလိုက်ပို့တတ်သော အက်စ်အမ်ကလည်း အမြီးလေးကုတ်ကာ ငြိမ်နေသည် ။

ဒီနှစ်တွေအတွင်း ဘီလီ့မျက်နှာပေါ်မှ အပြုံးလေးကတော့ ပျက်ပြယ်မသွားပါ ။ သို့သော်လည်း အရင်ကလို တက်ကြွပြီး နေရာတကာတွင်ရှေ့ဆုံးမှပါတတ်သော ဘီလီ့အစား တည်ငြိမ်သလောက် ဒေါသထွက်လွယ်သော ဘီလီက အစားထိုးလာသည် ။
ငယ်ပေါင်းသူငယ်ချင်း ဝမ်ဒုပင် အံ့သြယူလောက်ရအောင် ဘီလီတယောက် ငြိမ်သက်သွားသည် ။ အသည်းကွဲခြင်းက လူကို ပြောင်းလဲပေးသည် ဆိုတာ အမှန်ပင် ဖြစ်ပါလိမ့်မည် ။

" ဘီလီဗြောင် ဟုတ်ရဲ့လား…… "

စာမေးပွဲနောက်ဆုံးနေ့ ကျောင်းဆင်းချိန်ဖြစ်သည် ။ အတန်းဝသို့ စိုက်စိုက်မြိုက်မြိုက်ရောက်လာသော အနှီပုဂ္ဂိုလ်က ဘီလီ့ကို ပြုံးပြနေသည် ။ ထိုပုဂ္ဂိုလ်၏ ပါးပေါ်မှ ပါးချိုင့်များကို ဘီလီ စိုက်ကြည့်နေမိသည် ။

" နေကောင်းရဲ့လား ဘီလီ… ကိုယ်က…… "

" စီနီယာလိုအီ ရဲ့ ငယ်သူငယ်ချင်း စီနီယာကျန်း ဖြစ်မယ်ထင်ပါတယ်…   "

တရုတ်အမေရိကန်ကပြား ဖြစ်သည့် အယ်လ်ဖာ လူစီယန်ကျန်း က ကျေနပ်သလိုပြုံးကာ ပြောသည်။

You & Me : Alpha & Omega (COMPLETED)Where stories live. Discover now