(2)

1.8K 292 80
                                    

[Unicode]

I'm tripping and I could not get over
ညှိတွယ်မိလို့ ကျော်မသွားနိုင်အောင်ပဲ တဲ့လား…

I feelin' lucky, like a four leaf clover
လေးလွှာမှော်မချဉ်ရွက်ကို တွေ့သလို ခံစားချက်မျိုးနဲ့ပေါ့…

thinking what, it could be You & Me .
စဉ်းစားကြည့်ပါဦး…  အဲ့တာ မင်းနဲ့ငါပဲ မဟုတ်လား ။

…………………

" ဂျိုး …… အဲ့ဒီပုံက သဘောလဲ…  "

- အာ… ဒီ ဒီတိုင်းပါ… ကိုယ့်အသိ ဘီတာမလေး…  -

" အာ… မင်းက ဘားရောက်တိုင်း အသိတွေကို ပေါင်ပေါ်ခေါ်တင်တယ်ပေါ့… "

- ဒီတိုင်း ရင်းနီးတာမို့ပါဆိုကွာ… ကျစ် … -

" ငါ့ကို ရှင်းမပြရသေးဘဲ ဘာလာ 'ကျစ်' တာလဲ…  "

- မရစ်နဲ့ကွာ … ကိုယ်တောင်းပန်နေရင် စိတ်ဆိုးပြေလိုက် … -

" မင်း ဘယ်တုန်းကတောင်းပန်လိုက်လို့ ငါ စိတ်ဆိုးပြေရမှာတုန်း! "

- ကောင်းပြီလေ… လမ်းခွဲကြတာပေါ့… ဘိုင်… -

" မင်း ဘာစကား…… ဟယ်လို… ဂျိုး … ဂျိုး!!  ယိပဲကွာ !!! "

ဘီလီ့အော်သံကြောင့် အစာရှာနေသော ခိုလေးများက ကြောက်လန့်တကြား ပျံပြေးကုန်သည် ။ အနက်ရောင်ဖြစ်သွားသော ဖုန်းမျက်နှာပြင်ကိုကြည့်ကာ အသားများပင် တဆတ်ဆတ်တုန်သည်အထိ ဘီလီ စိတ်တိုလာသည်။
ဒင်းဖက်လည်း မှားသေးသည် ။ ဒင်းကပဲ မျက်နှာပြောင်စွာပင် လမ်းခွဲမည်ဟု ပြောသွားသေးသည် ။

ဘယ်ဖက်လက်သန်းကြွယ်မှ ငွေဖြူရောင်လက်စွပ်လေးကို မြင်တော့ ဟားကနဲသာ သက်ပြင်းချလိုက်မိသည် ။
ဒီတခေါက်တော့ တီလေးတို့စုံတွဲ ဝင်မပါတာ ပိုကောင်းလိမ့်မည်။

ဘီလီဗြောင် သည် အသက်၂၄နှစ်အရွယ် ကျောင်းဆရာအသစ်စက်စက်လေးဖြစ်သည်။

ရေမရောသည့် ကိုရီးယားလူမျိုး စစ်စစ်ဖြစ်သော ဘီလီသည် အမေရိကန်နိုင်ငံသို့ အသက်၅နှစ်အရွယ်ကတည်းက ရောက်လာခဲ့သည်။ ဘီလီ့မေမေ၏ ညီမဖြစ်သူ တီလေးဗြောင်ဂွန်ဟွာ နှင့် သူမ၏ကြင်ဖက် ဒေါ်လေးဂျွိုက်စ် တို့က ဘီလီ့ကို အပြီးအပိုင်မွေးစားခဲ့ကြသည် ။

You & Me : Alpha & Omega (COMPLETED)Donde viven las historias. Descúbrelo ahora