(အပေါ်ကပုံကိုကြည့်ပြီးလောင်နေတာကွာ..သမာဓိအားမကောင်းပါဘူးဆိုဝေ့ရင်းကသတ်နေတယ်...ကတောက်စ်😬🤤🤤)
................
မေရန်ဖေးလုံနဲ့ပါလာခဲ့တာသိပ်တော့မကျေနပ်ချင်..ဒါပေမဲ့သူမရဲ့ဖြူစင်တဲ့ပုံလေးကယောကျ်ားတိုင်းကာကွယ်စောင့်ရှောက်ချင်စိတ်ဖြစ်အောင်နေရမှာ....
"ဟို..စစ်သူကြီးရှင့်..မေရန်ကိုခေါ်လာတာအနှောငွအယှက်များဖြစ်နေသလားဟင်....
"အာ..မဟုတ်ပါဘူးကွာ..ကိုယ့်ကိုဖေးလုံလို့ပဲခေါ်ပါ.....
"ဟုတ်..ဖေး..ဖေးလုံ.....
စစ်သူကြီးအိမ်တော်ကအတော်အသင့်တော့ခန်းနားတယ်....
ဖေးလုံအဖေကအရင်ကဘုရင့်အယုံကြည်ရဆုံးဖြစ်ပြီးကျော်ကြားခဲ့တာ..ဖေးလုံကလဲတော်ပါတယ်..ဒါမဲ့သူအဆင့်တက်တာနှေးလွန်းတာကြောင့်သူများအောက်ကျခံနေရတာဖြစ်သည်.....
"သား...မသေကောင်းမပျောက်ကောင်းကွယ်...တော်သေးတာပေါ့..ဘေးမသီရန်မခလို့....
"ကျွန်တော်ဘာမှမဖြစ်ပါဘူးအမေ....အော်..ဒါနဲ့..သူကလီမေရန်တဲ့...ေတာထဲမောင်နှမနှစ်ယောက်ထဲမသင့်တော်လို့ကျွန်တော်ကခေါ်လာတာ...
"အော်..ဟုတ်ပါပြီ..ဒါနဲ့မောင်နှမနှစ်ယောက်ဆို...အမေတယောက်ထဲပဲတွေ့ပါတယ်...
"အလှလေး..အဲ..ကျန်တဲ့တစ်ယောက်ကအိမ်ရှေ့စံနဲ့ပါသွားတယ်....
"ဟေ...အမေဖြင့်ယုံတောင်မယုံနိုင်ဘူး.
.အိမ်ရှေ့စံကခေါ်သွားတာတဲ့..အင်း..ယောကျ်ားလေးမို့ပေါ့.. မိန်းကလေးသာဆိုအမေထင်တာဒီနိုင်ငံအိမ်ရှေ့စံမိဖုရားရပြီပဲ....ဖေးလုံအမေပြောစကားကြောင့်နှစ်ယောက်လုံးမသက်မသာဖြစ်သွားကြသည်..
ယောကျ်ားလေးတော့ယောကျ်ားလေးပဲ..မိန်းခလေးရှုံးအောင်လှနေတာပဲရှိတာ...
မေရန်ကတော့လက်သီးကိုတင်းတင်းစုပ်ထားမိသည် ...
..အိမ်ရှေ့စံမိဖုရားနေရာကသူနဲ့တန်လို့လား..သူမလိုပြီးပြည့်စုံတဲ့အပြင်မျိုးဆက်မွေးပေးနိုင်တဲ့မိန်းခလေးနဲ့သာဖြစ်သင့်တာ.

YOU ARE READING
ပြောင်းလဲသွားတဲ့ရှောင်း🐰
RandomYizhan (uni +Zawgyi) ၂၁ရာစုမှရှောင်းကျန့်ဟာဝတ္ထုတစ်ခုထဲရောက်ရှိသွားပြီးသူနဲ့နာမည်တူတဲ့မူလကိုယ်အတွက်မတရားမှုတွေကိုဘယ်လိုဖြေရှင်းပေးမလဲ???????