Part 3

2.4K 244 104
                                    

မေရန်လဲအသံတွေကြောင့်နိုးလာတော့သူ့ရှေ့မှာလူချောနှစ်ဉီးရပ်နေတာတွေ့ပြီးသူ့ရဲ့ပုံစံလေးကိုချစ်ဖို့ကောင်းအောင်ပြင်ပြီးလန့်ဟန်ဆောင်လိုက်သည်...

"အို..ကော.သူ.သူတို့ကဘယ်သူတွေလဲဟင်....

"ကောလဲမသိဘူးမေရန်....ဟေ့..ခင်ဗျားတို့ကဘယ်သူတွေလဲ..ကျွန်တော်တို့ကိုအန္တရာယ်ပေးဖို့ဆိုလစ်လိုက်တော့....ဟွန့်...


သူဆူပုပ်ပုပ်လေးပြောနေပုံကချစ်ဖို့ကောင်းလှတာမို့လူချောနှစ်ဉီးမှာပြာပြာသလဲရှင်းပြကြသည်.
.ဟက်..ဒီလိုပဲဖစ်နေရမယ်..ငါ့အလှမှာကြွေကျကြစမ်း.
.ဇာတ်လိုက်မလောက်ကသနားတယ်...ဟက်ဟက်....


"အာ..ကိုယ်တို့ကအန္တရာယ်ပေးမဲ့သူတွေမဟုတ်ပါဘူး...အမဲလိုက်ထွက်ရင်းအဖွဲ့နဲ့ကွဲပီးလမ်းလည်လာကြတာပါ..ဒီကအလှလေးနှစ်ယောက်ကရော.ဒီတောထဲဘာလုပ်နေတာလဲ..အန္တရာယ်ရှိတယ်လေ.....

"မေရန်တို့ကမိသားစုတွေအကုန်မရှိကြတော့ပါဘူး..ဒါ့ကြောင့်ဒီတောထဲပဲရုန်းကန်နေကြရတာ....

"ဒါဆိုကိုယ်တို့နဲ့လိုက်ခဲ့မလား....


ဖေးလုံကမိန်းမလှလေးမေရန်ကိုရင်ခုန်မိပေမဲ့သူ့အစ်ကိုဆိုတဲ့အလှလေးကိုလဲလက်မလွှတ်ချင်ပေ....သူ့ရဲ့အလှကဆွဲအားပြင်းလွန်းတယ်....သူနှစ်ယောက်လုံးကိုပိုင်ဆိုင်ချင်သည်......


"အာ..ဒါဆိုကိုယ်တို့နဲ့လိုက်ခဲ့မလား...ကိုယ်ကဒီတိုင်းပြည်ရဲ့စစ်သူကြီရန်ဖေးလုံပါ...


မေရန်ကတော့တလျှောက်လုံးပြောနေတဲ့စစ်သူကြီးဆိုတာထက်တခွန်းမှဝင်မပြောခပ်တည်တည်နေတဲ့လူကိုပိုစိတ်ဝင်စားတယ်..

ထိုလူကအရမ်းခန့်ညားလွန်းပြီးဘေးကတယောက်ထက်သာသည်..

ဒါပေမဲ့ထိုလူချောကရှောင်းကျန့်ကိုပဲမတ်မြတ်နိုးနိုးစိုက်ကြည့်နေတာကြောင့်နှခမ်းကိုခပ်တင်းတင်းဖိကိုက်မိသည်.

.ဘာလို့သူဘဲအရာရာပိုင်ဆိုင်နေတာလဲ...သူမလိုချင်သမျှသူဘဲရနေတာ..ဒီလူနှစ်ယောက်လုံးကသူမကိုပဲကည့်ရမယ်..ချစ်ရမယ်....အဲ့ကောင်ကိုမဟုတ်ဘူး...



ပြောင်းလဲသွားတဲ့ရှောင်း🐰Where stories live. Discover now