Intro

6.8K 275 31
                                    

ရှောင်းကျန့်ဟာသာမန်ကောင်လေးတစ်ယောက်...သူ့မှာမိဘဆွေမျိုးရယ်မရှိတကောင်ကြွက်ဖြစ်ပြီးတိုက်ခန်းငှားနေတဲ့သူ...သူဟာစာအုပ်တွေဖတ်ရတာဝါသနာပါပြီးအိပ်လိုက်စားလိုက်နဲ့ဖြတ်သန်းတယ်....အလုပ်ကပြန်လာရင်ဝတ္ထုဖတ်တယ်..သူ့ဘဝမှာအမှီအခိုအတွယ်အတာမရှိဘဲဘဝဟာအဓိပ္ပါယ်မရှိပေ....တနေ့သူ့ရဲ့တိုက်ခန်းလေးကဗီရိုလေးထဲမှာဟောင်းနေတဲ့စာအုပ်လေးတစ်အုပ်တွေ့ခဲ့တယ်..ရှေးခေတ်ဝတ္ထုတစ်ခုဖြစ်တယ်...ထူးခြားတာကအဲ့ထဲမှာသူနဲ့နာမည်တူဇာတ်ကောင်လေးပါတာမို့စိတ်ဝင်စားပြီးဖတ်ခဲ့တယ်...အဲ့ကောင်လေးရဲ့ဘဝမတရားမှုတွေကိုသူအလွန်ဒေါသထွက်ခဲ့ပြီးနောက်ဆုံးထိုကောင်လေး​သေသွားခဲ့ရတဲ့အခါစိတ်ဆိုးပြီးထိုစာအုပ်ကိုပစ်ပေါက်ခဲ့တယ်...စာစလဲဒီစိတ်အိပ်လဲဒီစိတ်နဲ့လမ်းမှာလျှောက်သွားနေတုန်းကားတိုက်ခံရပြီးသူ့ကမ္ဘာဟာအမှောင်အတိကျသွားခဲ့တယ်.....သူသေသွားခဲ့ပြီးထူးဆန်းတဲ့နေရာတစ်ခုထဲရောက်သွားခဲ့တယ်...

"ငါ..ငါဘယ်ရောက်နေတာလဲ..ငါသေသွားပြီးနတ်ပြည်ရောက်လာတာများလား....

"ရှောင်းကျန့်...တွေ့ရတာဝမ်းသာပါတယ်..နောက်ဆုံးတော့မင်းရောက်လာခဲ့ပြီပဲ..ငါတော်တော်ကြာစောင့်နေခဲ့ရတာ...


"မင်း...မင်း..ဘယ်သူလဲ..ဘယ်ကကြောနေတာလဲ.....


သူကြောက်နေမိတယ်.အသံလေးကချိုသာလွန်းပေမဲ့လူကိုမှမမြင်ရတာ....ရုတ်တရက်အမှောင်ထဲကနေလူတယောက်ထွက်လာတယ်...သူအံသြသွားတယ်..

"မင်း..မင်းကငါပဲ..ဒါပေမဲ့ငါမဟုတ်ဘူး..မင်းဘယ်သူလဲ.....

"ငါကရှောင်းကျန့်ပဲ.  ....

"ဘာ..ငါဘာမှနားမလည်တော့ဘူး..

သူ့အရှေ့မှလူငယ်လေးဟာအဖြူရောင်ရှေးခေတ်ဝတ်ရုံဝတ်ဆင်ထားပြီးအဖြူရောင်ဆံနွယ်ရှည်တွေရှိတယ်...မျက်နှာကသူနဲ့တပုံစံထဲတူနေပြီးသူ့ရှေ့ကလူကတော့အရမ်းကိုလှတယ်..သိပ်လှတယ်..ပန်းချီကားထဲကလိုပဲ....သူ့မျက်နှာကြီးသာမဟုတ်ခဲ့ရင်အကွေးခံပြီးပိုးပန်းတော့မှာဖြစ်သည်  .....


"မင်းအံသြနေမှာငါသိတယ်...ငါကရှောင်းကျန့်...မင်းဖတ်ခဲ့တဲ့ဝတ္ထုကရှောင်းကျန့်ပဲ...ငါ့အတွက်ဘဝသစ်ကိုဖန်တီးပေးဖို့ရာမင်းကိုငါစောင့်နေခဲ့တာ..မင်းလုပ်နိုင်မှာငါသိတယ်....


ပြောင်းလဲသွားတဲ့ရှောင်း🐰Where stories live. Discover now