Part 12

1.5K 173 15
                                    

ဘာလိုလိုနဲ့လမုန့်ပွဲတော်ရက်ကိုရောက်လာခဲ့ပြီ..နန်းမြို့တော်မှာလဲအဆင်တန်ဆာများနှင့်လှပလျက်..

အိမ်တိုင်းလိုလိုလမုန့်မျိုးစုံကိုလုပ်စားပြီးတအိပ်ဝင်တအိမ်ထွက်မျှဝေကြလေ့ရှိတယ်..

နန်းတော်ကနေလည်းပွဲကျင်းပခွင့်ပြုထားပြီးအသုံးအဆောင်တွေပေးကမ်းကြတယ်...

နောက်နှစ်ရက်အခါတော်နေ့ဆိုမေရန်နဲ့ရိပေါ်ကိုထိမ်းမြားပေးဖို့မင်းကြီးကစီစဉ်နေသည်...


ကျန့်ကျန့်ကတော့အလွန်ပျော်နေသည်..သူဒီနေ့နန်းပြင်ကိုထွက်ခွင့်ရတာမို့ပင်.ရိပေါ်ကိုမရမကပူဆာပြီးမှထွက်ခွင့်ရပေမဲ့ပဝါအုပ်ထားပြီးသူနဲ့အတူသွားရမည်တဲ့..

ဟွန်း..စိတ်မချရမှာသူ့ကိုဆိုတာမသိလေရော့သလား...

သူလဲရိုးရိုးရှင်းရှင်းအဖြူရောင်အတွင်းဝတ်နှင့်အပေါ်ကအပြာရောင်ဝတ်ရုံရှည်လွှားထားပြီးခါးပေါ်ရိပေါ်ပေးထားတဲ့ကျောက်စိမ်းပြားလေးအားချိတ်ဆွဲထားလေသည်..

ထူးခြားသည့်ဆံပင်တို့အားတစ်ဝက်စည်းကာရိုးရှင်းသည်ဆံထိုးကိုသာထိုးထားသည်..လှပပြီးစွဲမက်ဖွယ်မျက်နှာလေးကိုဇာပဝါနှင့်ဖုံးအုပ်လိုက်ရာသူလေးဟာအလွန့်ကိုချောမောလှပနေပေသည်...

အခန်းတွင်းသို့ဝင်လာသောရိပေါ်မှာလဲကျန့်ကျန့်နှင့်အရောငိဆင်တူဖြစ်ပြီးအိမ်ရှေ့စံဝတ်ရုံနှင့်ကွာခြားစွာရိုးရှင်းသည့်တိုင်ခန့်ညားမှုတို့ကဖုံးမကွယ်နိုင်ပေ...

မျက်နှာတော်အားရွှေရောင်မျက်နှာဖုံးတပ်ဆင်ကာဖုံးကွယ်ထားပြီးချစ်သူလက်ဆွဲကာနမ်းပြင်သို့ထွင်လာခဲ့သည်...

ကိုယ်ရံတော်တွေအားခပ်လှမ်းလှမ်းမှသာလိုက်လံစောင့်ရှောက်စေပြီးသူတို့ကလွတ်လပ်စွာလျှောက်လည်ကြလေသည်..

လမ်းတလျှောက်လိုက်ဖက်တင့်တယ်လှသည့်လူငယ်စုံတွဲအားမျက်စိမလွဲနိုင်ကြပေ...နှမြောခြင်း..အားကျခြင်းမှားနှင့်မိန်းမပျိုလေးတချို့မှာရှက်သွေးဖြန်းလျက်..

လူငယ်များကလဲငေးမောနေရာသူ့အပိုင်ဆိုသောသဘောအားဖြင့်ကျန့်ကျန့်ကိုယ်လေးအားရင်ခွင်ထဲဆွဲထည့်လိုက်လေ၏..ရှက်သွေးဖြန်းလေသောဟာလေးတချို့ကတော့ခွမ်းခနဲအသဲအားကြားရပြီးပုလင်းကွဲရှသွားကြလေရဲ့......

ပြောင်းလဲသွားတဲ့ရှောင်း🐰Where stories live. Discover now