အခုရိပေါ်စားပွဲတစ်ခုထဲရောက်နေသည်..ခမည်းတော်နဲ့မယ်တော်..ဒုမိဖုရားလေး..ဝမ်ရှန်းယွမ်....ပြီးတော့စစ်သူကြီးမိသားစုပေါ့....
"ကဲ..ချွေ့ယန်နဲ့ညီမတော်ရေ..... ငါတို့ကမကြာခင်မိသားစုတွေဖြစ်ကြတော့မှာပဲ...
"ဟုတ်ပ့ကွာ..ငါတို့မေရန်လေးကိုမင်းသားတော်နဲ့ဆိုစိတ်ချပြီးသား..သမီးရေ..အိမ်ရှေ့စံနဲ့လက်ဆက်ပြီးရင်သင်ယူစရာတွေအများကြီးပဲနော်...ကြင်ယာတော်ကောင်းပီသရမယ်...
"ဟုတ်ကဲ့ပါမွေးစားအဖေ..မေရန်နားလည်ပါတယ်..ဟီး..
ရှက်ပြုံးလေးနဲ့သူ့ကိုကြည့်လာတဲ့လီမေရန်ကြောင့်ရိပေါ်အကြီးအကျယ်စိတ်ပျက်နေပြီဖြစ်သည်. .အားကျန့်နဲ့ခြိမ်းခြောက်လို့ဒီကိုလာရပေမဲ့သူ့စိတ်ကချစ်ရသူလေးဆီမှာပင်..
အားကျန့်ကအရာရာနားလည်ပေးပေမဲ့သူစိတ်မသန့်ပေ..ဆေးဆိုးပန်းရိုက်မျက်နှာပန်းသွေးရောင်သခင်မလေးဝတ်ရုံနှင့်ပေါ်လွင်နေတဲ့ကောက်ကြောင်းတွေကယောကျ်ားတိုင်းဝပ်စင်းခစားစေနိုင်ပေမဲ့သူ့အတွက်တော့အော်ဂလီဆန်ကာရွှံရှာစရာကောင်းလှသည်...
သူ့စိတ်ထဲမှာအားကျန့်လေးရဲ့ရုပ်အလောင်းရှေ့တဟားဟားအော်ရီနေတဲ့မျက်နှာကိုမြင်ယောင်လာပြီးလက်သီးတင်းတင်းဆုပ်ကာဖြစ်ပေါ်လာတဲ့လူသတ်ချင်စိတ်ကိုဖိနှိပ်ထားရသည်...
"ခမည်းတော်..သားတော်နေသိပ်မကောင်းလို့အဆောင်ပြန်နားခွင့်ပြုပါ..
သူခွင့်တောင်းလာတော့ခမည်းတော်ကသူ့သူငယ်ချင်းနဲ့စကားကောင်းနေတာရပ်ပြီး..
"အင်း..သွားလေ..မင်းကြငိယာလောင်းကိုပါခေါ်သွား...သမီး..လိုက်သွားလိုက်လေ...အော်..ခုဆိုချွေးမတော်ပေါ့..
"အာ..အရှင်မင်းကြီး...အခုထိမဟုတ်သေးကြောင်းပါ....
"ဟားဟား....
ရိပေါ်လဲဘာမှထပ်မပြောတော့ပဲထွက်လာခဲ့တော့သည်..ရနိဖေးလုံကထသွားတာကြာပြီဖြစ်သောကြောင့်သူ့အားကျန့်နဲ့တွေ့နေမှာစိုးသည်....
အနောက်ကနေခပ်သွက်သွက်လှမ်းလာတဲ့သူကိုလျစ်လျူရှုပြီးသွားနေပေမဲ့သူ့လက်မောင်းအားရဲတင်းစွာချိတ်တွယ်လာသောလက်တို့ကြောင့်အားနဲ့ဆောငွတွန်းလိုက်မိသည်....
YOU ARE READING
ပြောင်းလဲသွားတဲ့ရှောင်း🐰
AcakYizhan (uni +Zawgyi) ၂၁ရာစုမှရှောင်းကျန့်ဟာဝတ္ထုတစ်ခုထဲရောက်ရှိသွားပြီးသူနဲ့နာမည်တူတဲ့မူလကိုယ်အတွက်မတရားမှုတွေကိုဘယ်လိုဖြေရှင်းပေးမလဲ???????