Part 11

1.8K 170 45
                                    

ရိပေါ်လေစိမ်းတွေတိုက်နေသောကြောင့်အရင်လိုသူ့ကျန့်လေးစောင်ကိုကန်ထုတ်ပြီးအိပ်ပျော်နေမှာစိုးတာကြောင့်သူလေးအဆောင်သို့ထွက်လာခဲ့သည်.

.အဆောင်ရှေ့ရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သွေးတွေဆူပွက်လာပြီးလူသတ်ချင်စိတ်တွေဖြစ်ပေါ်လာသည်..

..သူ့ကျန့်လေးအားစော်ကားဖို့ကြံနေသောရန်ဖေးလုံဆိုသောကောင်အားမျက်နှာပေါ်သို့အဆက်မပြတ်ထိုးကြိတ်နေမိသည်...

လည်ပင်းကိုပါညစ်ထားမိတော့ဟိုကမျက်နှာများနီရဲကာလွှတ်ပေးဖို့ပြောလာသည်...သူလွှတ်မပေးမိ...သူသာအချိန်မှီမရောက်လာခဲ့ရင်.....


ပူပန်လာသောစိတ်တို့နှင့်အတူလည်ပင်းအားပိုညစ်လိုက်မိသည်...

ရိပေါ်ဆိုသောခေါ်သံလေးကမီးကိုရေနဲ့ငြှိမ်းသလိုသူ့အားအသိစိတ်ဝင်စေခဲ့ပြီးလဲကျတော့မဲ့ကိုယ်လေးကိုပြေးပွေ့လိုက်သည်

..ရန်ဖေးလုံကတော့မြေပေါ်အသက်ကိုလုရှူနေပြီးသူမျက်လုံးနဲ့ခြိမ်းခြောက်လိုက်တော့အဆောင်ရှေ့မှထွက်သွားရှာသည်.

..ဖရိုဖရဲနဲ့စုတ်ပြဲနေသောအဝတ်အစားများအားသူ့အပေါ်ရုံကိုချွတ်ကာပတ်ခြုံပေးလိုက်ပြီးမေ့မျောနေသောကိုယ်လေးအားအဆောင်တွင်းသို့ပွေ့ခေါ်လာခဲ့သည်.....

..............................................

"အားးးးးးဘာလို့လဲ..ဘာလို့အဲ့ကောင်ပဲလဲ...ငါ့ထက်ဘာများကောင်းနေလို့လူတိုင်းကသူမှသူဖြစ်နေကြတာလဲ...
ရှောင်းကျန့်..ငါအိမ်ရှေ့စံကိုငါ့အပိုင်ဖြစ်အောင်လုပ်ပြမယ်..
တိုင်းပြည်မိခင်နေရာကငါနဲ့ပဲတန်တာ..ဟက်...နင်လို့သားရဲအထီးရဲ့အမြုတေကဘယ်လောက်များဆွဲဆောင်နိုင်မှာတဲ့လဲ.
.ငါ့ရဲ့အမြုတေကိုသာထုတ်သုံးလိုက်ရင်အိမ်ရှေ့စံအသာထား..
သိကြားမင်းတောင်ငါ့ခြေအောက်ဝပ်စင်းရလိမ့်မယ်..သူ့ကိုသာတစ်ညလောက်ငါ့အနားထားနိုင်ဖို့ပဲလိုတယ်...



သူမကိုယ့်အတွေးနဲ့ကိုယ်ကောက်ကျစ်စွာပြုံးလိုက်သည်...

ရန်ဖေးလုံသာဒီညသူမအစီအစဉ်အတိုင်းရှောင်းကျန့်နဲ့ပေါင်းစီးခဲ့ရင်ဒီလိုကြံစရာလိုနေမှာတောင်မဟုတ်ဘူး.

ပြောင်းလဲသွားတဲ့ရှောင်း🐰Where stories live. Discover now