Part 13

1.7K 154 28
                                    

(🤐🤐☝🏻☝🏻☝🏻)

တဖြည်းဖြည်းနဲ့လမင်းဟာဝိုင်းစက်စွာထွက်ပေါ်လာပြီးနောက်ပြည်သူတွေဟာသူတို့ဖူးစာကိုလိုက်ရှာရင်းပျော်ရွှင်စွာဆင်နွဲဲကတော့သည်..ရိပေါ်တို့နန်းတော်ပြန်ရောက်တော့ခမည်းတော်ကအခေါ်လွှတ်သည်ဆိုသောကြောင့်နဂါးအဆောင်တော်သို့ထွက်လာခဲ့သည်...

"သားတော်..လာပြီလား.ဒီနေ့လျှောက်ရည်ရာမှာမင်းမိဖုရား​လောင်းကိုဘာလို့မခေါ်သွားတာလဲ..သားတော်အပြုအမူတွေပြင်ဆင်သင့်နေပြီ..လီမေရန်ဆိုတာမိဖုရားခေါင်ဖြစ်မဲ့သူဆိုပြီးနတ်ဆရာမကပြောထားတယ်..အမတ်ချုပ်ကိုယ်တိုင်မေးမြန်းပြီးသား..မင်းမျိုးဆက်မွေးထုတ်ပေးမဲ့မိဖုရားကိုဂရုတော့စိုက်အုံးပေါ့. ဘာမဟုတ်တဲ့လူငယ်တယောက်ကိုကြင်ယာမြှောက်မှာခွင့်ပြုတာပဲလွန်လှပြီ...

"လမုန့်ပွဲဆိုတာချစ်ရသူနဲ့ပဲဆင်နွှဲတဲ့ပွဲတစ်ခုပါ..ခမည်းတော်ပြောတဲ့မိဖုရားလောင်းဆိုတာကိုသားတော်မနှစ်သက်တာမို့အတူမဆင်နွှဲနိုင်ပါဘူး..ပြီးတော့ခမည်းတော်. အမတ်ချုပ်ကိုသိပ်ပြီးမယုံစားပါနဲ့..သားတော်စီစဉ်နေတာကိုယုံကြည်ထားလိုက်ပါ..သားတော့ကိုခွင့်ပြုပါအုံး..

"နေအုံး..ဒီမှာ..ရန်မိသားစုကလီမေရန်ရဲ့ကျောက်စိမ်းပြားအိမ်မှာကျန်ခဲ့လို့ဆိုပြီးလာပေးထားတယ်...မင်းရဲ့ကြင်ယာတော်လောင်းအဆာင်ကိုသွားပြီးပေးပေး..ခမည်းတော်သွားရင်မသင့်တော့ဘူး..

"အခိုင်းအစေကိုပဲသွားပေးခိုင်းလို့ရတာပဲ..

"ဒါလေးတော့လုပ်ပေးပါ..ပြီးရင်မင်းဟိုလူငယ်ဆီသွားပြီးဆင်နွှဲလို့ရပြီပေါ့..

ရိပေါ်လဲခမည်းတော်နဲ့ပြိုင်မငြင်းချင်တာမို့မကြာသေးခင်ကမှနန်းတော်သို့လာနေသောလီမေရန်အဆောင်ဆီထွက်လာခဲ့သည်..ထူးခြားစွာပင်အစောင့်တွေကလဲနည်းနေပြီးတိတ်ဆိတ်နေသယောင်..သူလဲရှည်ရှည်ဝေးဝေးမတွေးတော့ပဲအဆောင်တံခါးခေါက်လိုက်သည်....

မကြာခင်တံခါးဖွင့်လာပြီးအနက်ရောင်ဇာအပါးတစ်ထပ်သာဝတ်ထားသောလီမေရန်ကထွက်လာသည်..ရင်နှစ်မြွာကိာအတင်းဖော်ကာပေါင်ကလဲကွဲနေသေးသည်..ဆံပင်တို့အားကြောင်အောင်ထုံးဖွဲ့ပြီးလည်တိုင်ကျော့ကျော့အားဖော်ထားသည်..သူမကညုတုတုလေသံဖြင့်..

ပြောင်းလဲသွားတဲ့ရှောင်း🐰Where stories live. Discover now