Unicode
အဝေးပြေးလမ်းမကြီးထက်မှာ တစ်ရိပ်ရိပ်ပြေးလွှားနေတဲ့ အနက်ရောင်ကားလေးတစ်စီး။မိုးရွာပြီးစအခါမို့ မြင်လေရာ ပတ်ဝန်းကျင်က စိမ်းစိမ်းဆိုဆို သန့်ရှင်းလှပလွန်းနေတယ်။လှေညှင်းမြူးမြူးက ဆော့ကစားချိန် ပင်ယံထက်သစ်ရွက်ကလေးတွေ ကခုန်နေတာမြင်တတ်သူတိုင်း စိတ်အေးချမ်းစေသည်။
ကားမှန်ပြတင်းလေး အသာချလိုက်သည်နှင့်အလုအယှက်ပြေးဝင်လာတဲ့ လတ်လတ်ဆတ်ဆတ်လေပြေနဲ့အတူ သစ်ရွက်စိမ်းရနံ့တို့ ကပ်ပါလာတယ်။
မျက်ဝန်းတွေစုံမှိတ်ပြီး အားရပါးရရှုသွင်းလိုက်တာ တစ်ကိုယ်လုံးလန်းဆန်းသွားပြီ။သူမ နှုတ်ခမ်းပါးလေးပြုံးယောင်သမ်းလျက် ပျော်ရွှင်ကျေနပ်နေသည်။
လှလိုက်တာ။လယ်ကွင်းစိမ်းစိမ်းတွေ။စပါးနှံလေးတွေ မိုးရေစွတ်ဆိုနေတာ လေအလာမှာ ဘယ်ယိမ်းလိုက် ညာယိမ်းလိုက် သဘင်ကခုန်နေသလို။
"အား...ချစ်လိုက်တာ..ဒီသဘာဝတွေ..."စိတ်ထဲရှိသည့်အတိုင်း အော်ဟစ်လိုက်တာ ကားမောင်းနေတဲ့ဦးလေးကြီးတောင် နောက်ကြည့်မှန်ကိုလှမ်းကြည့်ပြီးမေးလာသည်။
"သမီး..ကားရပ်ပေးရမလား..."ကားအရှိန် အနည်းငယ်လျော့ချသွားသည်။
"မရပ်နဲ့ဦး..ဦးအပြန်နောက်ကျရင် မေမေပွစိပွစိလုပ်နေဦးမယ်..ဆက်သာမောင်း..."
ဦးလေးကြီးလဲ ကားအရှိန့်ပြန်တင်ကာ သူမစီးလာတဲ့ကားလေး ဆက်လက်ပြေးလွှားနေတော့သည်။မေမေက သူမကို ပုသိမ်ပို့ပြီးတာနဲ့ နေ့ချင်းပြန် ရန်ကုန်ပြန်လာခိုင်းထားတာ။
ဒီခရီးလေးအတွက် မေမေနဲ့ အငြင်းအခုန်စကား စစ်တိုက်ယူထားရသည်ဆိုတော့ သူမအချိန်းမဖြုန်းလိုပါ။
နွေနှောင်း။Uni တက်ဖို့ ကျောင်းပြောင်းခဲ့ခြင်းပါ။သူများတွေ Uni တက်ဖို့ ရန်ကုန်ကို အပြေးအလွှား စာတင်ကြပေမယ့် သူမကတော့ BM (first year) တက်ပြီးတာနဲ့ second တက်ဖို့ ပုသိမ်Uni ကိုပြောင်းခဲ့ပြီ။မေမေကတော့ သူမကို ရူးနေပြီဟု ပြောနေပေမယ့် မလွတ်ချင်လွတ်ချင် လိုက်လျောပေးခဲ့ပါတယ်။
YOU ARE READING
love sick girls [ Uni🔛 Zaw ]