Unicode
နေကိုပြုစားထားတဲ့ဆောင်း။
ဒီနှစ်ပုသိမ်ဆောင်းက ခါတိုင်းထက် ပိုအေးစက်တာအမှန်။မိုးစင်စင်လင်းနေပြီဖြစ်သော်လည်း ဆောင်းကနေကိုလွပ်လွတ်ခြင်းမပေးသေး။မြူတွေဆိုင်းတဲ့ မနက်ခင်းတွေ။သစ်ရွက် သစ်ခက်ပေါ်ခိုသီးနေတဲ့ နှင်းဦးရည်တွေ၊လေညှင်းသွဲ့သွဲ့ဖြတ်တိုက်တိုင်း လာရိုက်ခတ်လေ့ရှိတဲ့ ဆောင်းအငွေ့အသက်တွေ မြင်မြင်ရာပိတ်ကားဖြူဖြူ ကာစီးထားတဲ့ဆောင်း ဒီနှစ်ဆောင်းက အေးလွန်းပါတယ်အရင်က အရင်နှစ်တွေထက်ပေါ့။ဆောင်းမနက်ခင်းတွေ အပြင်မှာခိုက်ခိုက်တုန်ရင်ကြပါစေ စောင်ထူထူအောက်မှာ မှေးစက်နေကြတဲ့ ကလေးငယ်နှစ်ယောက်ကတော့ အပြစ်ကင်းစင်လွန်းပါသည်။ဒီဆောင်းက သူတို့လေးတွေအဖို့ အေးစိမ့်စိမ့် ရက်ရက်ဆက်ဆက် နှိပ်စက်နိုင်မယ်မထင်ပါ။ဆောင်းရဲ့ အငွေ့အခိုးတွေသည် သူတို့အကြင်နာရင်ငွေ့ကိုအံတုနိုင်မှာမဟုတ်။ကြင်ကြင်နာနာ တစ်ဦးကိုတစ်ဦးပွေ့ဖက်ထားတဲ့ ကလေးတို့လက်ကလေးတွေမှာ မြတ်နိုးခြင်းတွေ ယုံကြည်ခြင်းတွေနှောင်ဖွဲ့ထားကြတဲ့ ဒီမေတ္တာတရားလေး မြင်ရသူရင်ကို ဓားပါးနဲ့မွန်းချေနေတဲ့ ဆောင်းအအေးဒဏ်လို။
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ ကလေးတွေကြည့်ကာ ရစ်ဝဲလာတဲ့မျက်ရည်တွေ မသုတ်ဖယ်ရက်။အပြစ်ကင်းလွန်းတဲ့ ကလေးငယ်တွေ။ကိုယ်စီဒဏ်ရာအနာတရတွေနဲ့ ရုန်းကန်နေကြတဲ့ကလေးတွေ။ကိုယ်ဘယ်လို ရှင်းပြရမလဲ ကလေးတွေရယ်။ချစ်ခြင်းမေတ္တာဆိုသည် မွန်မြတ်ပါသော်လည်း ကိုယ့်ကိုယုံကြည့်စွာ အပ်နှံထားတဲ့သူတို့မိခင်တွေ ကိုယ်ဘယ်လိုပြောရပါ့။သက်ပြင်းသက်သက်ကလေးချရင်း အခန်းတံခါးလေး ဖွဖွလေးဆွဲပိတ်လိုက်သည်။
တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနှီးနှီးရှိလာကြလို့ ပျော်နေမိတာ။ကြာလာလေ စိတ်ကသင်္ကာမကင်းဖြစ်နေတာနဲ့ ကိုယ်လာခဲ့တာ။ကိုယ်တွေးထင်မိသည့်အတိုင်း သာမာန်ထက် ပိုလွန်နေကြတဲ့သံယောဇဥ်နဲ့ တွယ်တာမိကြတဲ့ကလေးနှစ်ယောက်။သူတို့အပျော်လေးတွေ မပျောက်ကွယ်စေချင်ဘူးကွယ်။အဲ့အပြုံးလေးတွေ မချွေချင်ဘူးကွယ်။
YOU ARE READING
love sick girls [ Uni🔛 Zaw ]