Unicode
အတွေးတွေနဲ့တစ်ယောက်တည်း ချာချာလည်ဝေဝါးနေတုန်း မျက်နှာချင်းအပ်လျက် တစ်ဖြည်းဖြည်းတိုးကပ်လာတယ်။ကိုယ်ထွက်ပြေးမှာ သိနေသည့်အလား သူ့လက်ကလေးတွေနဲ့ ကိုယ့်ဆံပင်တွေချုပ်နှောင်ထားသေးတာ။စွေ့ခနဲ့ကိုယ့်ကိုယ်လုံးလေးပေါ်ခွစီးပြီး ဖြူစွပ်နေတဲ့သူ့ခြေတံလေးနဲ့သိုင်းဖက်ထားပြန်တယ်။သူ့ပေါင်တံနှစ်ခုက ထပြီးထွက်မပြးနိုင်အောင် ကိုယ့်ခန္ဓာပါးပါးလေးကို ဖိကပ်ထားတာ။နိမ့်ချည် မြင့်ချည် လှုပ်ခတ်နေတဲ့ သူ့ရင်အုံကကိုယ့်နှလုံးသားနဲ့ထိကပ်နေတာမို့ စိတ်ကပြိုလဲချင်နေပြီ။ကိုယ့်ကိုတစ်ချက်စိုက်ကြည့်ပြီးနှုတ်ခမ်းသားအေးစိမ့်စိမ့်လေး ကိုယ့်နှုတ်ခမ်းကိုထိကပ်လာတာ စိတ်မှာနွေးကနဲ့။ဒီမျက်လုံးတွေဘယ်ချိန်တည်းကသာယာချင်နေသည်မသိ ကိုယ့်ကိုသစ္စာဖောက်ကာ မှိတ်ကျသွားပြီအလိုက်တသိ။အလိုလိုမှေးစက်သွားမိတဲ့ ကိုယ်။
ကိုယ့်လည်တိုင်ကို သိုင်းဖက်ထားပြီး စိမ်ပြေနပြေကို အနမ်းပေးနေတဲ့ကောင်မလေး။ညင်ညင်သာသာလေးပဲ။ဘယ်လောက်တောင်လွမ်းနေခဲ့တာလဲ အလွမ်းတွေဖိအားပေးနေတာ အကြင်နာတွေကတရစပ်။နှုတ်ခမ်းချင်းက သစ္စာရှိစွာ တစ်ဦးကိုတစ်ဦးကြင်နာနေကြတာ။အပြန်အလှန် အတိုင်ဖောက်ညီလို့။
ကိုယ်တုန့်ပြန်ပေးတော့ စိတ်ချသွားပြီထင်။သူ့အနမ်းတို့တဖြည်းဖြည်းကြမ်းတမ်းလာတယ်။ခန္ဓာချင်းအနည်းငယ်ခွါပြီး သူ့လက်လေးတွေ ကိုယ့်ရင်သားကိုဆော့ကစားလာတာ။ကိုယ်သိသည် သူမှော်ဝင်နေပြီ။ဒီစိတ်ခံစားမှုမှာ တစ်မျိုးလေးနေလို့ကောင်းပြီလေထဲလွင့်မျောနေရလို ကိုယ်ပျော်ဝင်ယစ်မူးနေပြီ။ကိုယ့်လက်တွေ မစေခိုင်းရပဲ သူ့ကျောပြင်ဆီတိုးကပ် ကစားနေမိတာ ထပ်တူကျတဲ့အလွမ်းတွေကြောင့်ဖြစ်မှာ။ချိုမြိန်တဲ့ အနမ်း။ရင်ခုန်သံတွေ မလိမ်ညာတတ်တဲ့အနမ်း။အလွမ်းဆိပ် သင့်နေပြီ။
သူနဲ့ဆို အနမ်းတွေကမ္ဘာချီပြီးစီးမျောလိုက်ချင်တာ ဒီကောင်မလေးနဲ့မှ ရှင်သန်ရတာကိုမက်မောချင်နေပြီ။
အထိအတွေ့မှာကိုယ်ပျော်ဝင်နေတုန်း ရုတ်တရက်ရပ်လိုက်တာမို့ မျက်လုံးဖွင့်ငေးကြည့်လိုက်တယ်။ခနပ်ရပ်ပြီး မျက်လုံးချင်းဆုံကြည့်လိုက်တဲ့အခိုက် နှစ်ယောက်လုံးအဆုံးစွန်ထိလွင့်မျောဖို့ဆုံးဖြတ်ထားမှန်း စိတ်တွေထိုးဖောက်မြင်နိုင်သည်။ဆူညံနေတဲ့အသက်နှုန်းတွေက ပြင်းပြစိတ်ကိုလှုံ့ဆော်နေသည့်အလား။ကိုယ့်ကိုဒီညတော့ ဘာဖြစ်ဖြစ်အလွတ်ပေးမှာမဟုတ်မှန်း ခံစားမိသည်။
YOU ARE READING
love sick girls [ Uni🔛 Zaw ]