အပိုင်း_၁၅

804 57 2
                                    

Unicode

ဝန်းကျင်တစ်ခုလုံး တောတန်းတစ်လျှောက်နှင်းရည်သောက်ပြီး မြူတွေရစ်ဆိုင်းနေတာ။မြင်မြင်သမျှ ဖြူစွပ်စွပ် ပုံရိပ်တွေချည်း။အနီးနားက အပင်ငယ်လေးတွေမှာ နှင်းရည်စက်လေးတွေ ကြမ်းခင်ပေါ် တစ်ပေါက်ပေါက်လိမ့်ကျနေတာများ တိတ်ဆိတ်တဲ့ဆောင်းမနက်ခင်းမှာ ဂီတံသံစဥ်ပမာ။

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်သည် အေးစိမ့်စိမ့်နဲ့ ငြိမ့်ငြိမ့်ငြောင်းငြောင်း အတော်အိပ်ကောင်းမည့်ပုံ။သို့သော် ကောင်မလေးတစ်ယောက်ကတော့ အိပ်စက်မရပါ။အအေးဒဏ်ကိုမမူ ဆောင်းဒဏ်ကို ဂရုမပြုပဲ အဖြူရောင်မြူခိုးတို့အလယ် ထိုင်နေကျထောင့်စွန်းလေးမှာ ငြိမ်သက်စွာအတွေးပိုနေသည်။

၁၀ ရက်။ဟုတ်တယ် နွေနှောင်းသေသေချာချာမှတ်ထားသည်။ယံ နဲ့အဆက်သွယ်မရတာ တစ်ပတ်ကျော်ခဲ့ပြီ။ဒါတော့ ယံ အလုပ်များတာမဖြစ်နိုင်တော့ဘူး။တမင်ရှောင်နေတာပဲ ဖြစ်မှာ။ကြီးနော်ကိုလဲ ယံ အကြာင်းပေါ်ပေါ်ထင်ထင်မမေးချင်။ရိပ်မိမှာလဲ နွေနှောင်းစိုးရိမ်သည်။တစ်ယောက်တည်း အတွေးတွေ ခြောက်လှန်ခံနေတာလဲ လူကရူးချင်နေပြီ။

သောက်လက်စကော်ဖီက အေးစက်လာတော့ ခါးသက်သက်နဲ့သွန်ပစ်ချင်စရာ။စိတ်အကြည်ဓာတ်မရှိတော့ မြင်လေသမျှခံစားချက်မကောင်း။အော်ဟစ် ပေါက်ခွဲပစ်ချင်တာများ စိတ်တွေအတော်ထိန်းနေရတယ်။

ရန်ကုန်ပြန်ရင်ကောင်းမလား။ဒီအခြေကြီးက လွတ်မြောက်အောင်ရန်ကုန်မှာ စိတ်ပြေလက်ပျောက် လျှောက်ဒိုးရင်ရော။မဟုတ်သေးဘူး ဟိုမှာမနေချင်လို့ ဒီထွက်လာတာ။ပြန်လဲ ကိုယ်ပျော်မှာမဟုတ်ဘူး။ဘယ်မှထွက်ချင်စိတ်မရှိရင် အခန်းထဲမှာကိုယ်ပိုရူးမှာ။

တဖြည်းဖြည်းမြူတွေဆဲပြီး ဟိုမှ သည်မှ သွားလာလှုပ်ရှားတဲ့ ယာဥ်အချို့လှမ်းမြင်နေရပြီ။အရှေ့ဝန်းဆီက ရောင်နီပေါ်လာပြီဆိုတော့ မနက်စာစားနေကျဗိုက်ကလဲ သူ့အချိန်သိနေတော့ မီးဖိုးခန်းပြန်ဝင်ခဲ့သည်။

"လာ..သမီးလေး...ကြီးနော်တောင် မနက်စာစားပြီးနေပြီ..."စားပွဲပေါ်ထိုင်ချသည်နှင့် မုန့်ဟင်းရည်နံ့မွှေးမွှေးလေးက ထောင်းခနဲ့နှာခေါင်းထဲပြေးဝင်လာတာ။

love sick girls [ Uni🔛 Zaw ]Where stories live. Discover now