အပိုင်း_၁၄

756 63 1
                                    

Unicode

နွေနှောင်း အိပ်ယာကနိုးလာတော့ နေအတော်မြင့်နေနေပြီ။အိပ်ယာပေါ်ကဖုန်းကိုယူကြည့်လိုက်တာ ယံ ဖုန်းတွေခေါ်ထားတဲ့ miss called တွေ။ခေါင်းကမူးနောက်နောက်ဆိုတော့ ပြန်ခေါ်ချင်စိတ်မရှိ။ဖုန်းကိုပစ်ချပြီး ရေချိုးဖို့ထွက်လာတော့ အခန်းဝမှာကြီးနော်နဲ့ဆုံသည်။

"သမီးလေး..နိုးလာပြီလား..."

"ဟုတ်..ကြီးနော်...မော်နင်း..."

"မော်နင်းသမီးလေး...မနက်စာပြင်ထားပေးတယ်နော်...နေ့လည်စာကရေခဲသတ္တာထဲထည့်ထားပေးတယ်..စားခါနီး oven ထဲထည့်နွေးလိုက်နော်..ပြီးရင်ဆိုင်ခနကြည့်ထားပေးနော်..."

တစ်ခုချင်းစီ မှာနေတာမရပ်။ကြီးနော်ကြည့်ရတာ အပြင်သွားမယ့်ပုံပဲ။လက်ထဲအထုပ်တွေ၊ဆွဲခြင်းတွေနဲ့ဆိုတော့...

"ကြီးနော်မြို့ထဲသွားဖို့လား..."

"အင်း..."

"ဆိုင်ကစောင့်ပေးလို့ရပါတယ်...သမီးမှကော်ဖီမဖျော်တတ်တာ..."

"စျေးမရောင်းရဘူးသမီးလေး..စာထိုင်ဖတ်တဲ့ကလေးတွေပဲကြည့်ပေးထားနော်...ကျောင်းပိတ်တော့ကလေးတွေစာလာဖတ်တာများတယ်..ဆိုင်ကပိတ်လို့မဖြစ်လို့..ညနေမှ ကော်ဖီရမယ်လို့ပြောပေးနော်..."

"ကြီးနော်က တစ်နေ့လုံးကြာမှာလား..."

"အင်း..မပြောတတ်သေးဘူး..ကြာလဲကြာနိုင်လို့...သမီးလေး ကူညီမယ်မလား..."

"ဟုတ်..ရတယ်ကြီးနော်...သမီးကြည့်ထားပေမယ်နော်..."

"အင်းအင်း...အဲ့ဆိုကြီးနော်သွားပြီနော်..."

"ဟုတ်..."

ကြီးနော်ထွက်သွားတော့ နွေနှောင်းရေချိုးခန်းဝင်ခဲ့သည်။ထူးဆန်းတယ်။ခါတိုင်း ကြီးနော်မျက်နှာက ပြုံးပြုံးလေးနေတတ်တာ။ခုမျက်နှာ သိပ်မလန်းသလိုပဲ။တစ်ခုခု ဖြစ်နေတာနေမယ်။အင်း..သူလဲစိတ်ညစ်စရာရှိလို့နေမှာပေါ့။ကိုယ်ဆိုင်ထိုင်ရမည်ဆိုတော့ ရေကြာကြာချိုးလို့မဖြစ်။
ကပျာကယာချိုး၊ မနက်စာစားပြီးတာနဲ့ အောက်ဆင်းခဲ့သည်။

ကိုယ်လဲ စိတ်ပြေလက်ပျောက် စာအုပ်တွေ ယူကြည့်နေလိုက်တယ်။ဆရာမခတ္တာခင် ရဲ့ အနောက်အရပ်ဆီမှာ...ငို...တဲ့။ကိုယ့်စိတ်ထဲလဲ ဝမ်းနည်းနေသလို ငိုချင်သလိုလို ဘာကိုလွမ်းလို့ဆွေးနေမှန်းမသိဖြစ်နေတာနဲ့ စိတ်ဝင်စားစရာလေးဆိုတော့ ယူဖတ်လိုက်တယ်။

love sick girls [ Uni🔛 Zaw ]Where stories live. Discover now