အပိုင်း_၃၀

734 55 6
                                    

Unicode

ကိုယ့်အခန်းလေးက သူ့ပိုင်ရှင်လိုပဲ အထီးကျန်စွာ ငြိမ်သက်လွန်းပါသည်။ဒါ ပုံမှန်နေ့တစ်နေ့ပဲလေ ကိုယ်ဘာတွေမျှော်လင့်နေမိတာလဲ။

အခန်းတံခါးပိတ် စားပွဲပေါ် သော့ပစ်တင်ပြီး အခန်းထဲလျှောက်ဝင်ခဲ့သည်။ကိုယ့်လည်တိုင်က camera ကြီးချွတ်ကာ ဆိုဖာရှည်ပေါ်အသာလှမ်းတင်လိုက်သည်။

ပူလိုက်တာကွာ။လည်တိုင်မှာစည်းထားတဲ့ နက်ခ်တိုင်ကို ဖြေလျော့ပြီး ရှပ်ကျယ်သီးတွေပါ တစ်ခါတည်းဖြုတ်နေတုန်း။

"ဂျက်..."

ရေချိုးခန်းဘက်က တံခါးလော့ဖွင့်သံလိုကြားလိုက်တာမို့ စိတ်ကဇဝေဇဝါဖြစ်ကာ လည်ပြန်စောင်းငဲ့ကြည့်မိသည်။ကိုယ့်အခန်းမှာ တစ်ယောက်ယောက်ရှိနေတာလား။စိတ်မှာ မသင်္ကာတာမို့ ရေချို့ခန်းဘက်လျှောက်လာတုန်း တကယ်ပဲ တံခါးကြီးပွင့်လာပြီး လူတစ်ယောက်ထွက်လာတာ ရေချိုးသဘက်ကြီးပတ်လျက်။

"အင်..."

လှမ်းလက်စခြေလှမ်းတွေက ရပ်လိုက်လို့တစ်ယောက်ယောက်အမိန့်ပေးလိုက်သလို တုန့်ခနဲ့ရပ်သွားသည်အထိ တောင့်တောင့်ကြီးကြီးရပ်ကာအံ့သြနေမိတာကိုယ်။

"နွေ..."

စိတ်က စွဲလမ်းပြီး အမြင်တွေ မှားနေတာလား။ဒီမျက်တောင်တွေ ကပျာကယာလှုတ်ခတ်ကြည့်သည်။ပုံရိပ်က ပျောက်မသွား။ကိုယ် ကယောင်ကတမ်း ခေါ်လိုက်မိတာလားမသိ။ကိုယ့်ကိုဘာမှတုံ့ပြန်ခြင်းမပြု။တံခါးဝမှာ ခြေစုံရပ်ပြီး ကိုယ့်ကိုကြောင်အမ်းအမ်းငေးကြည့်နေတာ မျက်လုံးအဝိုင်းသား။အကြည့်တွေက မှော်ဆန်လိုက်တာ။ဆံနွယ်တွေက ပုခုံးပေါ်ဝဲကျနေပြီး ရေစိုလက်စ ခန္ဓာကိုယ်ပင်ခြောက်အောင်မသုတ်ရသေး။ရေသီးလေးတွေက ဝင်းမွတ်နေတဲ့သူ့အသားဖြူဖြူမှာ ခိုတွဲနေတာအူယားစရာ။

မိုးတောင်မချုပ်သေးတာ အိမ်မက်ဘယ်ဟုတ်မလဲ။နွေကဒီကို ဘယ်လိုရောက်နေတာလဲ။

ဟုတ်ပါတယ်။ကိုအမြင်မမှားပါ။ခပ်သွက်သွက် ဆူညံလာတဲ့ ရင်ခုန်နှုန်းက သူ့သခင်ကိုမျက်မှန်းတမ်းမိ မှတ်မိနေသည့်အလား။ဘယ်လိုလိမ်ညာလို့ရမလဲ ကိုယ်။ရင်ခုန်ချက်က အပြင်ကိုခုန်ထွက်မယ့်အတိုင်း။

love sick girls [ Uni🔛 Zaw ]Where stories live. Discover now