အပိုင်း_ ၂၇

614 47 0
                                    

Unicode

နွေနှောင်းတို့ ပုသိမ်မြို့ဝင်တော့ မြူတွေဆိုင်းနေပြီ။မာကျူရီ အလင်းပျပျအောက်မှာ ဆိုင်ကယ်တွေကတော့သွားလာနေကြတုန်း။

ဒီတစ်ကြိမ်တော့ ပုသိမ်လမ်းမကြီးက ကိုယ်နဲ့သိပ်စိမ်းမနေပါ။မြို့အဝင်ဆိုင်းဘုတ်ကြီးလှမ်းမြင်တာနဲ့ပင် ကိုယ့်စိတ်တွေခုန်ကာ ပျော်နေရပြီ။ကားမှန်ချပြီး လက်ထုတ်ဆန့်တန်းလိုက်တာ အေးစိမ့်စိမ့်အထိအတွေက နီကျင်ကျင်အလင်းပျပျအောက်မှာ တစ်မျိုးလေးခံစားလို့ကောင်းသား။ရှေ့တည်တည့်က ပုသိမ်အဝိုင်းကြီးကို လမ်းမြင်နေရပြီ။ခပ်မြန်မြန်ပါပဲ။အဝိုင်းကြီးညာဘက်ကိုချိုးကွေ့ပြီးသိပ်မကြာလိုက် gallery coffee shop ရှေ့ကားလေး ထိုးရပ်သွားသည်။

"ကိုဥက္ကာ..အထဲဝင်ဦးနော်..ဟိုတစ်ခါကတောင်ကြီးနော်မေးနေသေးတာ..."

"အင်း...ကိုယ်ဝင်ပြီးနှုတ်ဆက်လိုက်ပါဦးမယ်..."

နွေနှောင်းတို့ ပြိုင်တူပဲကားပေါ်ကဆင်းလိုက်ကြသည်။ကိုယ်တို့ဆိုင်ထဲဝင်လာတာလှမ်းမြင်တာနဲ့ ကြီးနော် ကောင်တာနောက်ကနေ ပျာပျာသလဲပြေးထွက်လာသည်။ကိုယ်တို့ကို မြင်လိုက်လို့ အံ့သြနေပြီး တစ်ယောက်တစ်လှည့်ဆီကြည့်လို့။ကိုယ်လဲ ပြန်လာပြီလို့ဖုန်းမှ မဆက်ထားမိတာ။

"အနော်..နေကောင်းတယ်ဟုတ်..."

"အေး..ကောင်းပါ့ကွယ်..လာကြ..လာကြ..."

"ကြီးနော်..."

ချွဲချွဲနွဲ့နွဲ့ခေါ်ပြီးပြေးဖက်လိုက်တာ အလိုက်သင့်ဖက်ထားပေးသည်မို့ ရင်ထဲနွေးကနဲ့ခံစားမိလိုက်ရတယ်။လုံခြုံမှု နွေးထွေးမှု ငြိမ်းချမ်းမှု ချစ်ခြင်းမေတ္တာတွေ အေးချမ်းလိုက်တာ။ချစ်ခြင်းမေတ္တာကို မျှော်လင့်ရင်း တောင့်တနေပေမယ့် ထွေးပွေ့ရမယ့်လက်တွေ အိုမင်းလာတဲ့အခါ တစ်သီးတစ်ခြားကြီးပြင်းရခြင်းမှာ အထီးကျန်မှုတွေ တိတ်တိတ်လေးခိုးအောင်းနေသည့် နှလုံးသားသည် ဘဝကအဘယ်မှာနေပျော်ရပါမည်နည်း။

"သမီးလေးနဲ့သားဥက္ကာ က ဘယ်လိုဆုံပြီး အတူရောက်လာကြတာလဲ..."

"နွေနှောင်းက ပုသိမ်သူလုပ်တော့မှာ အနော်ရ...
ရေစက်ဆိုတာဆန်းကြယ်သားလေ...ပုသိမ်ပြန်ချင်နေပြီတဲ့..ကျွန်တော်လာပို့ပေးတာပါ...တော်ကြာ နှင်းမိုးတွေဖုံးပြီးရန်ကုန်ကြီးမြှုပ်သွားမှာစိုးလို့...မျက်ရည်တွေနဲ့မှိုင်းတိုက်နေသူရှိနေတယ်လေ..."

love sick girls [ Uni🔛 Zaw ]Where stories live. Discover now