Unicode
"တူ...တူ...တူ....."
ဖုန်းမြည်သံကြောင်း တိမ်ယံ နိုးလာသည်။သူ့ရင်ဘတ်ပေါ်မှာ ကလေးလေးက အိပ်ပျော်နေဆဲ။သူမနိုးမည်စိုး၍ ဖုန်းကို အမြန်ကောက်ကိုင်လိုက်တယ်။မားဆီကပဲ။စောစောစီးစီး မခေါ်စဖူး။မားနဲ့က online call သာပြောနေကျ။အင်း..ဒီချိန်ဆို သူတို့ဆီမှာ မိုးလင်းနေမှကိုး။
"hello...မား..."
"နိုးနေပြီးလား...သားယံ..."
"ဟုတ်...မော်နင်း...မား.."
"မော်နင်းပါကလေး..."
"တစ်ခုခုရှိလို့လားမား...မနက်စောစောခေါ်လာတာ..."
"အင်း...မားတို့အလုပ်မှာ..photo ပြပွဲရှိတယ်...သားယံပုံတွေ မားသဘောကျလို့...မားပြပွဲထဲထည့်ချင်တာ..သားယံသဘောကျမလားလို့...ခွင့်တောင်းတာ..."
ကိုယ့်ပုံတော်တော်များများကို မားဆီပို့ဖူးတယ်လေ။မားပဲ အကုန်တည်းဖြတ်ပေးတာ။အကြံညဏ်တွေပေးခဲ့တာ။
"for show..လား..for sale..လား...မား..."
"နှစ်ခုလုံးအတွက်ပေါ့..."
"အင်း..မားကြိုက်တာလေးတွေထည့်လေ..စျေးတော့ အမြင့်ကြီးမတင်နဲ့နော်..တစ်ချို့ပုံတွေကတကယ့်ဘဝတွေမို့သားမရောင်းချင်ဘူး..."
"မားနားလည်ပါတယ်ကွယ်...သားယံရယ်...သားမြတ်နိုးသလို တစ်ခြားလူတွေလဲတန်ဖိုးထားမှာပါ..."
"ဟုတ်...မား..."
မားနဲ့စကားပြောတာ လေသံကျယ်သွားသည်ထင်။သူမ နိုးလာပြီး ကိုယ့်ကိုမေးဆတ်ပြလာတာ။
"ဘယ်သူလဲ..ယံ...အလုပ်ကလား..."အသံတိုးတိုးလေးမေးလိုက်ပေမယ့် ထက်မြတ်လွန်းတဲ့မားက အကင်းပါးလှသည်။
"who?..သားယံ...မားကြားလိုက်တယ်..."
မား..မေးလာရင် ဘယ်တော့မှ မလိမ်ညာဖူးတာမို့သူမကို ပြုံးပြရင်း တိုးတိုးလေးဖြေပေးလိုက်ရသည်။
"on the beach...with the girl..."ကိုယ်ပြောပြတော့ သူမရှက်စနိုးပြုံးရင် ကိုယ့်ရင်ဘတ်ပေါ်မျက်နှာအပ်ထားလိုက်တာ ကိုယ်သဘောကျစွာ ပြုံးနေမိသည်။မား နဲ့ပြောမှန်းသူမက မသိတာကိုး။
YOU ARE READING
love sick girls [ Uni🔛 Zaw ]