အပိုင်း_ ၂၅

616 49 0
                                    

Unicode

ရန်ကုန်ရဲ့ပုံမှန်နေ့တစ်နေ့။
အရင်တိုင်းပဲ ကားပိတ်ချက်က မပြောင်းလဲသေး။အိမ်စီးကားတွေပိုများလာလေ အချိန်ကြန့်ကြာလေ။လမ်းမှာသာအချိန်ကုန်တတ်ပြီး လိုရာကိုမရောက်။ဒီအချိန်မှာ စိတ်မရှည်လဲ အတော်ဖြောင့်ထားရမှာပဲ။ကားဘီးက တစ်လိမ့်ချင်းစီလိမ့်နေရတာ လိပ်တောင်သူ့ထက်မြန်ဦးမယ်။ဆင်းပြီးလမ်းလျှောက်ရအောင်လဲ အိမ်ကနီးနီးနားနားမဟုတ်။ကိုယ်တို့က air con ထဲမှာငုပ်တုပ်ကတော်သေးတယ်။တစ်ချို့ YBS တွေက ကားမှန်ဖွင့်မောင်းကြတာ ဒီလိုကားပိတ်ပုံမျိုးနဲ့ အတော်ပူအိုက်ပြီး ချွေးနံ့တွေ ဖုန်နံ့တွေ နံစော်နေကြမှာပဲ။

တစ်ချို့လမ်းဆုံမှာ မီးနီပြချိန်ဆို ကားကြိုကာကြားစျေးလိုက်ရောင်းတဲ့သူတွေ၊မှန်တံခါးခေါက်ပြီး လိုက်လံတောင်းရမ်းတဲ့ ကလေးတွေမြင်တော့ ယံကို သတိရမိပြန်ပြီ။ကိုယ့်အနီးနားရောက်လာတော့ မှန်တံခါးချပြီး တစ်သောင်းတန်တစ်ရွက်လှမ်းပေးလိုက်တာ တစ်ခါမှမကိုင်ဖူးလို့ထင်။လက်တွေတုန်တုန်ရင်ရင်နဲ့ လက်အုပ်ချီကျေးဇူးတင်နေတာ မျက်ရည်အဝိုင်းသားနဲ့ဆုတွေပေးနေတာ နွေနှောင်း စိတ်မှာစို့နင့်လာသလို မျက်ရည်လည်သည်အထိ သနားစိတ်ဖြစ်မိသည်။ယံ မေးဖူးသည်။သူ့ကိုသနားဖူးလားတဲ့။ရင်ထဲမှာ မကောင်း။သြော်..သူတို့ဘဝလေးတွေ။ယံ ဘဝလေးလိုပဲ ဂရုဏာကြီးမားတဲ့မေခလာလေးတွေနဲ့ဆုံတွေ့ကြပြီး ဘေးကင်းလုံခြုံကြပါစေလို့ ဆုသာတောင်းပေးနိုင်ခဲ့သည်။

အိမ်ပြန်ရောက်တော့ မိုးတောင်အတော်ချုပ်နေပြီ။ဆောင်းဆိုတော့ နေဝင်စောတာလဲပါမှာပါ။ကားရပ်တာနဲ့ နွေနှောင်း အိမ်ပေါ်ကပျာကယာတက်ခဲ့ပြီး ဧည့်ခန်းမှာ မေမေတက်အလာကို စောင့်နေလိုက်သည်။

"မေမေနဲ့စကားပြောချင်တယ်..."

မေမေ အိမ်ထဲဝင်လာတာနဲ့စီးပြောထားလိုက်တယ်။မေမေသာ အခန်းထဲစောဝင်သွားရင် ဒီညစကားပြောဖြစ်မှာမဟုတ်။နွေနှောင်း ရှေ့ဆိုဖာပေါ် အေးဆေးလာထိုင်ပေးလို့ တစ်ခုခုအကြောင်းပြပြီး ရှောင်မထွက်တဲ့မေမေကို ကျေးဇူးတင်ရမလို။မေမေအခြေနေကိုကြည့်ပြီး ကိုယ်လဲ ဒေါသစိတ်လျော့ကာ စကားပြောသင့်သည်ဟု နားလည်တာမို့ အရင်ဆုံးကိုယ့်စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ရသည်။

love sick girls [ Uni🔛 Zaw ]Where stories live. Discover now