အပိုင်း_ ၂၃

616 50 0
                                    

Unicode

မနက်စာစားပြီး အောက်ဆင်းလာကြတော့ အနော်နဲ့နွေ့ မေမေ ကကော်ဖီသောက်ရင်း စကားတပြောပြောနဲ့ နွေကိုစောင့်နေကြတာတွေ့ရသည်။အနော် ကတော့ ကိုယ်တို့ကို လှမ်းမြင်တာနဲ့ နွေးနွေးထွေးထွေး ပြုံးပြတတ်မြဲ။အနော် အပြုံးတွေသည် ဝမ်းနည်းခြင်းတွေဖုံးကွယ်ထားထားမှန်း ကိုယ်မှန်းဆလို့ရပါသည်။

ကိုယ်နဲ့နွေ ကားဆီအရင်ထွက်ခဲ့ကြသည်။အတူလျှောက်ရင်း နွေကို အကဲခတ်မိတာ။နွေ က အမေနှင့်တွေ့ရလို့ မပျော်နေသလို၊ကိုယ်နှင့်ခွဲရမည်ဆိုသောအသိနဲ့လဲ ဝမ်းနည်းမနေခဲ့။ထို့ကြောင့် နွေရဲ့အပြန်ခရီးက လမ်းမှာငိုယိုနေမှာမဟုတ်လို့ ကိုယ် စိတ်ချရပါပြီ။တကယ်ကို ဘာမသိမသိပဲ အပြစ်ကင်းစင်လွန်းတဲ့ကလေး။

အနောက်ခန်းက ကားတံခါး ကိုယ်ပဲဖွင့်ပေးလိုက်တယ်။သခင်မလေးလို ခါးဆန့် ရင်ကော့ ခေါင်မော့ လျက် မိန့်မိန့်ကြီးပြုံးကာ ဝင်ထိုင်ပြီးမှ တံခါးအသာပိတ်ပေးလိုက်သည်။နွေကတော့ ကျေနပ်တဲ့အပြုံးလေးတွေနဲ့။

"ယံ..."

"အင်း..."

"ကားထွက်သွားမှအပေါ်တက်နော်...မဟုတ်ရင်ကားရပ်ခိုင်းပြီး ပြန်လာထုမှာ..."

"အင်း..."

အသာအယာခေါင်းညိတ်ပြီး အေးဆေးရပ်ကြည့်နေမိသည်။ကိုယ်ခံနိုင်ရည် ရှိပါသည်။ဒီအခြေအနေမှာ ကိုယ်တည်ငြိမ်မှ ဖြစ်မည်မဟုတ်လား။

အနော် တို့လဲ ကားရှိရာ ဖြည်ဖြည်းချင်း ထွက်လာကြသည်။အနော်က ကိုယ့်ဘေးမှာ လာရပ်ပြီး နွေကို လက်ပြနှုတ်ဆက်နေတာပေါ့။

နွေ့မေမေက ကားပေါ်တက်မည်လုပ်ပြီးမှ ပြန်လှည့်လာသည်။အရှေ့တည့်တည့်ထိလာရပ်ပြီး ကိုယ့်ကိုကြည့်လာသည်မို့ ခါးကိုင်းကာ နှုတ်ဆက်လိုက်ပါသည်။မျက်တောင်ရှည်ကြီးတွေကို လေးလေးပင်ပင် မျက်လွှာချကာ သက်ပြင်းတစ် ချက် ခေါင်းတစ်ချက်ညိတ်ပြသည်။

"ဘယ်လိုပြောရမှန်းမသိပေမယ့်..သမီးလေးကို ဂရုစိုက်ပေးတာကျေးဇူးတင်ပါတယ်..."

တည်ငြိမ်လွန်းပေမယ့် အဓိပ္ပါယ်က ညင်သာသည်ဟု မှတ်ယူလိုက်ပါသည်။

love sick girls [ Uni🔛 Zaw ]Where stories live. Discover now