Unicode
ပုသိမ်တစ်ဖက်ကမ်း ကြိုးတံတားအနီးနားက ကမ်းနီနှီးဘုရား ကမူစွန်းလေးမှာ ငဝန်မြစ်ကိုငေးကာ လေညှင်းခံနေတဲ့ ကလေးနှစ်ယောက်။
"ယံ..ကြိုးတံတားကြီးက အောက်ကနေငေးကြည့်တော့လဲလှတယ်နော်..."
"အင်း.."
"ကြိုးတံတားပေါ်ကကြည့်ရင်လဲ ကွေ့ကောက်နေတဲ့မြစ်ကြီးက တစ်မျိုးလေးကြည့်ကောင်းတယ်...ဒီမှာထိုင်ကြည့်တော့လဲ ခုတ်မောင်းသွားလာနေကြတဲ့ သမ္ဗာန်လှေတွေ မော်တော်ဘုတ်တွေ ကုန်တင်သင်္ဘောကြီးတွေ နီးနီးကပ်ကပ်မြင်ရပြီး...စိတ်ထဲပျော်ဖို့ကောင်းတယ်..."
"အင်း..."
ရန်ကုန်မြစ်ကြောကို ငေးမကြည့်ဖူးဘူးလားမသိ။ဗေဒါလေးတွေ ရေအလျင်မှာ ရေစုန်ရေဆန်စီးမျောနေတာကအစ သေသေချာချာလိုက်ကြည့်ပြီး လှလိုက်တာတဲ့။တိမ်ပြာပြာအောက် ငှကလေးတွေ ပျံနေတာတွေ့လဲ လက်ပြလှမ်းနှုတ်ဆက်ရတစ်မျိုး။တစ်မျိုးပြီး တစ်မျိုး မြင်လေသမျှအလှဘွဲ့သီကျူးနေတာလေး ကိုယ်ဘေးကနေ တိတ်တိတ်လေး ခေါင်းတညိတ်ညိတ်နားထောင်ပေးရသည်။
တစ်ခါတစ်လေသာ တိုက်ခတ်တတ်တဲ့ ညှင်းသွဲ့သွဲ့ မြစ်လေတိုးခတ်စဥ် လှုတ်ခပ်သွားတဲ့ ဆံနွယ်ရှည်ရှည်မျှင်မျှင်လေးတွေကို ဘာရယ်မဟုတ်လိုက်ငေးနေမိတာကိုယ်။ဆံနွယ်ဆီက သင်းပျံပျံ ရနံ့ပျယ်ပျယ်လေးကပင် ကိုယ့်စိတ်ကိုကြည်နူးစွာ ခံစားမိစေသည်။သူမကိုငေးကြည့်ရတာကိုပင် ကိုပျော်ရသည်။ငေးနေရတာကိုပင် အရသာရှိသလို ခုံမင်နေတတ်ပြီ။ငေးမောခြင်းကပင် ကိုယ့်ဘဝအစိတ်ပိုင်းတစ်ခုပေပဲလား။
အခုချိန် မည်သည်အလှပကိုမှ မခံစားနိုင်။မြစ်ရေပြင်မှာ စုန်ဆန်နေကြသည့် သင်္ဘောသံတွေလဲ မမြင်မကြားမိ။ဗေဒါ ၊ဒိုက်သရိုက်တွေလဲ အလှတခုလို မငေးမောမိ။မြစ်ကမ်းပါးမှာ ထိုင်နေပေမယ့် ကိုယ်သတိပြုမိရသည်က ဘယ်အချိန်မှာ ဒီငေးမောခွင့်တွေ ပျောက်ဆုံးမလဲဆိုသည်ကိုဖြစ်၏။စိတ်ထဲငိုချင်နေတာတောင် ငိုလို့မရတဲ့ ကိုယ်ဘဝ။ကိုယ့်မျက်ရည်တွေသည် ရင်ထဲမတော့ ပြည့်လျှံနေပါပြီ။
YOU ARE READING
love sick girls [ Uni🔛 Zaw ]