အပိုင်း_ ၂၆

619 46 0
                                    

Unicode

စားဖိုးဆောင်မှာ အစားစာတွေ စီစဥ်ပေးပြီးတာနဲ့ sharkfin soup တစ်ပန်းကန် လင်ပန်းပေါ်တင်ကာ ကိုယ့်အခန်းဆီဖြည်းဖြည်းလျှောက် ပြန်လာခဲ့တယ်။

ကိုယ့်အိပ်ယာမှာ ဆူး ကခွေခွေလေး အိပ်ကောင်းတုန်း။စားပွဲခုံပေါ် လင်ပန်းကိုဖြည်းဖြည်းချပြီး အခန်းကိုဝေ့ကြည့်လိုက်သည်။တော်သေးတယ် တစ်ညလုံးအိပ်နေပြီး ဘာမှဖွမထားလို့။ပင်လယ်ပြင်မှာ အလင်းတန်းတို့ဖြာကျနေပြီဆိုတော့ နေရောင်ခြည်ရအောင်လိုက်ကာတွေဆွဲဖွင့်လိုက်တယ်။နေရှိန်ထိုးကျလာတော့ တစ်အင်းအင်းနဲ့ လူးလိမ့်ပြီး ဆံပင်တွေဖွာလံကျဲ ထထိုင်နေတာ။လိုက်ကာတွေကြိုးနဲ့ စုချည်ပြီး လှည့်ကြည့်လိုက်တယ်။

" soup ယူလာပေးထားတယ်..မျက်နှာသစ်ပြီးရင်သောက်လိုက်..ခေါင်းကိုက်သက်သာအောင်..."

စာအုပ်စင်က စာအုပ်တစ်အုပ်ယူကာ ဆိုဖာပေါ်ထိုင်ချလိုက်သည်။အေးဆေးစာဖတ်ရင်း ရေချိုးခန်းကထွက်လာမယ့် ဆူးကိုစောင့်နေလိုက်တယ်။

"ချစ်...ကျေးဇူးပဲ..ကိုယ့်အကြိုက်..."

"အင်း..."

soup ပူပူကိုမှုတ်သောက်နေရင်း လှမ်းပြောနေတာ ကိုယ့်စာအုပ်သာမျက်နှာအပ် ခေါင်းညိတ်ပြလိုက်တယ်။တစ်လက်စတည်းပဲ...

"သောက်ပြီးရင် သွားတော့နော်..ကိုယ်အလုပ်ရှိသေးတယ်..."

"Ok..ဒီနေ့ကိုယ့်ဧည့်သည်တွေ ကျွန်းလိုက်ပို့ရမှာ...ကျေးဇူးပဲ ..ကိုယ့်ကိုလာနိုးပေးလို့..."

"ဧည့်သည်တွေနဲ့အပြိုင်သောက်တာလား..သတိထားဦး..ကိုယ်ကမိန်းကလေး..."

"ဟင်းဟင်း..ချစ်..ကိုယ့်ကိုစိတ်ပူနေတာပဲ...thanks..."

"သွားတော့..ကိုယ်အလုပ်ပြန်ဝင်ရမယ်..."

"အင်း...ဒီည ချစ်နဲ့လာသောက်လို့ရလား..."

"Sorry! ဆူး...ကိုယ်တစ်ယောက်တည်းနေချင်လို့ပါ..."

"ok..တစ်ညအတွက်ကျေးဇူးပဲ..ချစ်ကိုယ်ငွေ့လေးတွေနဲ့ကိုယ်အိပ်လို့ကောင်းခဲ့တယ်..."

အခန်းထဲက ထွက်သွားတာနဲ့ စာအုပ်အဖုံးပိတ်၊အိပ်ယာခေါက်ဖို့ ဂွမ်းကပ်ကြီးဆွဲယူလိုက်တာ ချည်စုပ်စုပ်အနံ့က နှာခေါင်းထဲပြေးဝင်လာတယ်။

love sick girls [ Uni🔛 Zaw ]Where stories live. Discover now