အပိုင်း_ ၂၈

619 43 2
                                    

Unicode

ဆောင်းဝင်လေ အအေးဓာတ်က ပိုလို့လွန်ကဲလာလေဟု ခံစားနေမိတာ ချစ်ရသူတစ်ယောက်အနားမှာ မရှိလို့များလာဗျာ။သူ့အကြင်နာက ရင်ကိုဓားပါးကလေးနဲ့ အကြိမ်ကြိမ်မွန်းနေသလိုပဲ နာကျင်လိုက်တာဆောင်းရယ်။

ပြတင်းတံခါးက လိုက်ကာကြီးဆွဲပိတ်လိုက်တာတောင် ကိုယ့်မျက်ဝန်းမှာမြူတွေဆိုင်းနေတုန်းပဲ။ဖြူလွလွလေး ဝေဝါးနေတာ။သြော်..ကိုယ့်မျက်ရည်နဲ့ မှုန်ဝါးနေတာပါလား။လွမ်းမိတိုင်း အလွမ်းတွေ ဝိုင်ချိုချိုနဲ့မြိုချပစ်နေသော်လည်း အလွမ်းအဆိပ်ကပြင်းပြလှချည်လား။လူကို တစ်မြည့်မြည့်ငြင်းသတ်နေသည့်အတိုင်း အနေရခက်လိုက်တာ။

ချစ်ခြင်းမေတ္တာက မြူမှုန်တွေမှမဟုတ်တာ။ဖူးခနဲ့ မုတ်ထုတ်လိုက်တိုင်း အဝေးထွက်သွားလဲခနပေါ့။ညဥ့်နက်လာလေ သူ့အပေါင်းအပါတွေတစ်စုတစ်စည်းနဲ့ကိုယ့်ဆီပြန်လာပြီးထွေးပွေ့  ရစ်တွယ်နေကြဦးမှာပဲလေ။ကိုယ်မည်သို့ ရုန်းထွက်ရက်ပါ့မည်နည်း။အလွမ်းစိတ်ကကြီးစိုးလာလေ လွမ်းစိတ်ရယ်ဖြေလိုပြေငြား camera ထဲကပုံတွေကြည့်လိုက်တိုင်း ဂွမ်းစောင်ထူထူကိုသာ မျက်နှာအပ်ပြီး ငိုကြွေးနေမိသည့်ကိုယ့်ကို လှောင်ရယ်ကာနှိပ်စက်ကြပါတော့ ဆောင်း။

အားတဲ့ချိန်လေး နွေ ရဲ့ ပုံတွေ edit လုပ်ပေးဦးမယ်။ကုတင်ဘေး စားပွဲခုံပေါ်ကကိုယ့် laptop လှမ်းယူ password ရိုက်သွင်းလိုက်တယ်။

ဖျတ်ခနဲ့ ဖွင့်သွားပြီးနောက့် ကိုယ့် screen wallpaper လေးကိုမျက်ရည်အဝိုင်းသား ငေးကြည့်မိပြန်ပြီ။ကိုယ့်ကိုမော့ကြည့်နေတဲ့ ကလေးလေး မျက်နှာဝိုင်းဝိုင်းလေး၊အပြုံးလှလှလေးတွေက အပြစ်ကင်းစင်လိုက်တာ။

"လွမ်းတယ်..နွေ..."

မကြားနိုင်မှန်းသိတာတောင် ရူးကြောင်ကြောင်ပြောလိုက်မိသေးတယ်။ကိုယ့်ဘဝမှာ တစ်ကြိမ်သာဖြစ်ပေါ်ဖူးတဲ့ခံစားချက်နဲ့ချစ်ရတဲ့လူတစ်ယောက်ကို ရူးလောက်အောင်ချစ်ခဲ့ဖူးပါပြီ နွေ။အရာရာတိုင်းအလေးအနက်ထားခဲ့ပေမယ့် ဖန်လာတဲ့အကြောင်းတရားများသည် ဘယ်လိုဝဋ်ကြွေးများကြောင့်ပါလဲဟု ကိုယ့်ကံကိုသာယိုးဖယ်ဖွဲ့လိုက်ပါ၏။လွမ်းရသမျှ ကိုယ့်မသိစိတ်မှာသိုဝှက်ရင်းရှင်သန်သွားရမှာက ကိုယ့်ဘဝပဲဖြစ်မှာပါ။

love sick girls [ Uni🔛 Zaw ]Where stories live. Discover now