ရွှယ်ပါ့ကျောင်းသားဝူဇယ်ဝမ်း
သြဂုတ်လ ကုန်ဆုံးသွားချိန်မှာတော့ ကျောင်းတွေအကုန်လုံးပြန်လည်ဖွင့်လှစ်ခဲ့ပြီ။
ကျောင်းပိတ်ရက်တွေမှာ ဟဲရွှီယန်းတစ်ယောက် အင်တာနက်နှင့် အချိန်အကြာကြီးဝေးကွာနေခဲ့ရတယ်။ ဒါကြောင့် ကျောင်းပြန်လည်ဖွင့်တဲ့အချိန်မှာပဲ ကျောင်းဖိုရမ်အတွင်းသို့ ချက်ချင်းဝင်ရောက်ကာ ပြီးခဲ့သည့်နှစ်ဝက်စာမေးပွဲရလဒ်တွေကို ကြည့်ရှုလိုက်တယ်။ သူအထူးပြုယူထားတဲ့ဘာသာရပ်က အနိမ့်ဆုံး61မှတ်ရရှိမှသာ အောင်မြင်လိမ့်မယ်။
ဟဲရွှီယန်း သူ့၏နှာခေါင်းကိုပွတ်သပ်ပြီး ပြုံးကာပြောလိုက်တယ်။
" မင်းတို့အခြေအနေဘယ်လိုလဲ ငါကတော့ 61မှတ်ရတယ် ကုစားပြန်ဖြေဖို့မလိုတော့ဘူး "
သူ့ရဲ့ခုတင်ဘေးမှရှိတဲ့ အခန်းဖော်က ပြန်ဖြေလာတယ်။
" ငါက 62 ၊မင်းထက်တစ်မှတ်များတယ် "
အခန်းထဲမှာ စာမေးပွဲရလဒ်ကို ဆွေးနွေးရင်းအလုပ်ရှုပ်နေကြပေမယ့် အခန်းထောင့်ဘက်မှာ တစ်ချိန်လုံးထိုင်နေတဲ့ မျက်မှန်နှင့်ကောင်လေးကတော့ တိတ်ဆိတ်စွာရှိနေဆဲပဲ။ သူရဲ့အနက်ရောင်ကျောက်မြက်တွေလို တောက်ပနေတဲ့မျက်ဝန်းတစ်စုံကတော့ ကျောင်းစာမေးပွဲရလဒ်ကို ဖွင့်ထားတဲ့ကွန်ပြူတာစခရင်ကို စိုက်ကြည့်နေဆဲပဲဖြစ်တယ်။
ဟဲရွှီယန်း မနေနိုင်ဘဲမေးလိုက်တယ်။
"ဇယ်ဝမ်း မင်းအမှတ်ဘယ်လောက်ရလဲ ?"ထိုသူက တုံ့ပြန်ဖြေလာခြင်းမရှိတဲ့အတွက် ဟဲရွှီယန်းက အနားကိုလျှောက်သွားလိုက်ပြီး ပုခုံးကိုညင်ညင်သာသာလေးပုတ်ပေးလိုက်တယ်။
"အဆင်ပြေပါတယ်ကွာ တစ်ခါတစ်လေ အမှတ်မကောင်းတာမျိုးလဲ ဖြစ်တတ်တယ်လေ ဘယ်လောက်ရလဲ အောင်လား "
ဝူဇယ်ဝမ်းက ပြန်လှည့်ကြည့်လာတယ်။
"မင်းဘာတွေပြောနေတာလဲ "
-- ဒီကောင့်ရဲ့ပုံစံကိုကြည့်ရတာ အမှတ်စာရင်းကြောင့် စိတ်ပျက်ဝမ်းနည်းနေတဲ့အတွက် သူ့ရဲ့အခန်းဖော်တွေရဲ့စကားကို မကြားလိုက်တဲ့ပုံပဲ။
![](https://img.wattpad.com/cover/286106499-288-k907016.jpg)
YOU ARE READING
အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်း
AdventureEsport Gaming MC Gong Shameless Gong teamwork