(12.1)ပြတ်သားတဲ့ ထန်ဂိုဏ်းသား

172 21 1
                                    


12.1: ပြတ်သားတဲ့ ထန်ဂိုဏ်းသား

❝mobတွေ ဆွဲတဲ့အချိန်မှာတောင် ဒီလိုမျိုးသေနိုင်တယ်ပေါ့ ? မင်းက ဒီမှာ ချစ်စရာကောင်းသလို ဟန်ဆောင်နေတာလား?❞

ထန်ဂိုဏ်းသားက ဂိုဏ်းထဲကို သူတစ်ယောက်တည်း ဝင်ရောက်သွားတာကြောင့် နောက်မှာ ကျန်နေခဲ့တဲ့ ဝူဇယ်ဝမ်းက သဘာဝကျကျပဲ သူ့ဘာသာသူ တာဝန်ကို လုပ်ဆောင်ရတော့တယ်။

ကံကောင်းစွာနဲ့ပဲ ပေါ့ပါးသောခြေလှမ်း လေ့ကျင့်ခန်းကလွဲလို့ လူသစ်မြို့က အခြားတာဝန်တွေက ခက်ခဲမှု မရှိဘဲ ဝူဇယ်ဝမ်းအတွက် အဆင့် 15 ကို အမြန်မြှင့်ဖို့က လွယ်ကူခဲ့တယ်။ သူက ဂိုဏ်းလမ်းညွှန်တစ်ခုရှာတွေ့ပြီး ချက်ချင်းပဲ အဆိပ်ငါးသွယ်ဂိုဏ်းဆီကို တယ်လီပို့ပြုလုပ်လိုက်တော့တယ်။

လွယ်ကူရိုးရှင်းတဲ့ ဂိုဏ်းရဲ့ ဝင်ခွင့်က ရွှယ်ပါ့တစ်ယောက်ရဲ့ဦးနှောက်အတွက်တော့ ယှဥ်စရာမဟုတ်ဘူး။ အောင်မြင်စွာနဲ့ ကျော်ဖြတ်ပြီးနောက် သူက အဆိပ်ငါးသွယ်ဂိုဏ်းကို ဝင်ဖို့ အကြီးအကဲတွေကို ဂါဝရပြုလိုက်တယ်။

ထို့နောက် ချက်ချင်းဆိုသလိုပဲ အဆိပ်ငါးသွယ်ဂိုဏ်းရဲ့ တံဆိပ်က သူ့ဇာတ်ကောင်ရဲ့ အပေါ်မှာ ပေါ်လာတော့တယ်။ သူ့ကို ဂိုဏ်းအတွက် အခြေခံပစ္စည်း သုံးမျိုးပေးကာ တစ်ခုချင်းစီကလည်း ပစ္စည်းထားတဲ့ဧရိယာက နေရာသုံးခုမှာ သီးသန့်ခွဲထားလို့ရတဲ့ မတူညီတဲ့ကျောင်းတွေဆီက ဖြစ်လေတယ်။ ခလုတ်တစ်ချက်နဲ့တင် ပစ္စည်းကို ချက်ချင်းပြောင်းနိုင်ကာ ဝူဇယ်ဝမ်းအတွက် အရမ်းကိုအဆင်ပြေခဲ့တယ်။

သူ အောင်အောင်မြင်မြင်နဲ့ ဂိုဏ်းထဲကို ဝင်ရောက်ပြီးနောက် ဘယ်ဘက်အောက်ပိုင်းနားလေးမှာ "ဂိုဏ်း" ဟု အမည်တပ်ထားတဲ့ ချန်နယ်စကားဝိုင်းတစ်ခု ပေါ်လာခဲ့သည်။

ဝူဇယ်ဝမ်း စကားဝိုင်းကို နှိပ်လိုက်တော့ ချန်နယ်ထဲမှာ လူတွေ အများကြီးရှိနေတာကို တွေ့လိုက်ရတယ်။ သူ့လိုမျိုး လူသစ်လေးတွေက စကားဝိုင်းထဲမှာ အများဆုံး မေးနေကြလေတယ်။

"စီနီယာအစ်ကိုတို့ စီနီယာအစ်မတို့ ကျွန်မက ဂိုဏ်းက ဂိုဏ်းသားအသစ်ပါ.. ဂိုဏ်ခွဲကျောင်းသုံးကျောင်းထဲမှာ ဘယ်ဟာက အကောင်းဆုံးလဲ?"

အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်းDonde viven las historias. Descúbrelo ahora