11: နယ်မြေဧရိယာအသစ်များ ဖွင့်လှစ်ခြင်း

144 20 0
                                    

11: နယ်မြေဧရိယာအသစ်များ ဖွင့်လှစ်ခြင်း

မရေမတွက်နိုင်လောက်တဲ့လူအများရဲ့ စောင့်မျှော်မှုတွေအောက်မှာပဲ နေ့လယ်ခင်း(၂)နာရီကို ရောက်ရှိလာခဲ့တယ်။

interface ပေါ်မှ loginခလုတ်က စတင်လင်းလက်လာခဲ့ပြီးနောက် ဝူလင်းရဲ့အွန်လိုင်းဂိမ်းဆာဗာတွေကလည်း တက်ကြွမှုအပြည့်နဲ့ ပွင့်လာခဲ့တယ်။

လီရှန်းရဲ့လက်တွေက လျင်မြန်သွက်လက်စွာနဲ့  passwordကို ချက်ချင်းရိုက်ချလိုက်တယ်။ တစ်ဖက်မှ ဝူဇယ်ဝမ့်ကလည်း သူ့အကောင့်အချက်အလက်တွေကို အလျှင်အမြန်ပဲ မှတ်တမ်းတင်လိုက်တယ်။

အကောင့်ကို အတည်ပြုပြီးတဲ့အချိန်မှာတော့ ဝူလင်းဆိုတဲ့ စကားလုံးနှစ်လုံးက ပျံထွက်လာပြီး မျက်မှာပြင်ပေါ်မှာ သုံးဖက်မြင်ရုပ်လုံးကြွပုံတွေနဲ့ တောက်ပနေခဲ့တော့တယ်။ login interface မှာတော့ ဧရိယာ (၁၂)ခုပေါ်လာပြီး ဧရိယာအကုန်လုံးက ပြိုင်ဘက်ကင်းတဲ့ ရှေးဟောင်းအမွေအနှစ်တွေရဲ့ နာမည်တွေအတိုင်း ပေးထားခဲ့တယ်….

ဝူလင်းဟာ ရှေးဟောင်းပုံစံ game ဖြစ်ပြီး ဆာဗာတွေကိုလည်း သူ့ရဲ့ဂိမ်းနဲ့လိုက်ဖက်အောင် သင့်လျော်တဲ့ နာမည်တွေပေးထားခဲ့တယ်။ ဆာဗာရဲ့ ပထတန်းမှ ကာရိုက်တာသုံးခုက TELECOMနယ်မြေဖြစ်ပြီး ဒုတိယတန်းမှာရှိတဲ့  ကာရိုက်တာ လေးခုကတော့ Netcom နယ်မြေထဲမှာ ပါဝင်တယ်။

Netcomထက်စာရင် Telecomက ဒေသတွင်းလူတွေ ပိုအသုံးများတာကြောင့် Telecomက Netcomထက် နယ်မြေနှစ်ခုပိုများနေခဲ့တယ်။ ဒီဂိမ်းကမ္ဘာ့အဆင့်မီ ဆာဗာတွေကို သုံးထားတာဖြစ်ပြီး နယ်မြေတစ်ခုတည်းမှာတင် ကစားသမားတွေ သန်းနဲ့ချီပြီး ဝင်ရောက်နိုင်တယ်လို့ ပြောရမယ်။

(T/n_ TELECOMနဲ့ Netcomက တရုတ်ဆက်သွယ်ရေးစနစ်ရဲ့ ဌာနတွေပါတဲ့)

အသစ်ပွင့်လာတဲ့ ဧရိယာ ရွှယ်လုံရင် နဲ့ ချွေ့ချောင်ရှန်းလင်တို့ကို စာလုံးအကြီးနဲ့ ရေးထားပြီး အောက်ဘက်မှာတော့ ထင်းခနဲမြင််သာစေအောင် “ဧရိယာအသစ်”ဆိုတဲ့စကားလုံးကို အနီနဲ့ရေးထားကာ အနောက်မှာတော့ “လူပြည့်” ဆိုတဲ့စကားလုံး ပါဝင်တယ်။

အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်းTahanan ng mga kuwento. Tumuklas ngayon