(4) ချင်ယဲ့

252 36 0
                                    

Unicode

လီရှန်း အိပ်ဆောင်သို့ပြန်ရောက်ချိန်မှာ သူ့ရဲ့ အခန်းဖော်နှစ်ယောက်ကို သူတို့ရဲ့အိပ်ဆောင်(301)ဆီသို့ အခန်းဖော်သစ်ရောက်ရှိလာပးမည်ဖြစ်တာကြောင့် အခန်းကို အတတ်နိုင်ဆုံးမြန်မြန် သန့်ရှင်းရမည်ဖြစ်ကြောင်းပြောပြလိုက်တယ်။ သူတို့အနေနဲ့ သုံးယောက်တည်းနေထိုင်ခဲ့တာအချိန်ကြာပြီဖြစ်တာကြောင် ခုတင်အလွတ်တစ်လုံးပေါ်မှာ ပစ္စည်းတွေကိုစုပြုံတင်ထားလျက်သားရှိနေခဲ့တယ်။ သူတို့တွေ တစ်ညတာနဲ့ သန့်ရှင်းလို့မပြီးစီးနိုင်ခဲ့တဲ့အတွက် နောက်တစ်နေ့အထိ သန့်ရှင်းရေးတိုက်ပွဲကို အပြင်းအထန်တိုက်ခိုက်ခဲ့ကြရတယ်။

ကောင်လေးသုံးယောက်က ခုတင်အလွတ်ပေါ်မှ သေတ္တာများနှင့် ပုံးအများအပြားကို မြန်ဆန်သွက်လက်စွာဖယ်ရှားခဲ့ကြတယ်။ စားပွဲပေါ်မှာရှိနေတဲ့ အဆာပြေစားစရာတွေ ၊ သစ်သီးတွေ ၊ ပဲနို့ဗူးတွေနဲ့နှင့် လျှပ်စစ်ထမင်းပေါင်းအိုးများကိုလည်း အလျှင်အမြန်သိမ်းဆည်းခဲ့ကြတယ်။  လီရှန်းက သန့်ရှင်းပြီးစီးသွားတဲ့နေရာတွေမှာ ပိုးသတ်ဆေးတွေ လိုက်ဖြန်းခဲ့တယ်။  စားပွဲခုံ၊ ဗီရိုနှင့် ကုတင်တွေအကုန်လုံးကို အဝတ်သန့်ဖြင့်လိုက်လံ သုတ်ပြီးသန့်ရှင်းစေလိုက်တယ်။

နောက်တစ်နေ့ညနေပိုင်းကို ရောက်မှသာ ခုတင်နဲ့ အိပ်စက်အနားယူရန်နေရာတစ်ခုလုံးက သန့်စင်ကာရှင်းလင်းတောက်ပြောင်သွားတော့တယ်။

အခန်းဖော်တွေကတော့ သက်ပြင်းမချဘဲမနေနိုင်ကြဘူး။

"အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ဆို မင်းက အတော်လေးဆွဲဆောင်မှုရှိတာပဲ!"

လီရှန်းက စားပွဲကိုသုတ်နေရင်းနဲ့ ပြန်ပြောလိုက်တယ်။

"တစ်ယောက်ယောက်က ငါတို့ရဲ့အိပ်ဆောင်မှာနေမှာလေ.. သူ့အတွက်ညစ်ပတ်နေတဲ့အိပ်ယာကို ထားပေးလို့မဖြစ်ဘူးမလား"

အခန်းဖော်နှစ်ယောက်က ပြောလိုက်မိတယ်: ဒီလိုဆိုရင်တောင် စားပွဲခုံကိုတော့ အစက်အပျောက်တွေ ကင်းစင်တဲ့အထိသုတ်နေစရာမလိုဘူးလေ ဟုတ်တယ်မလား?  အဲဒါက မှန်တောင်ကြည့်လို့ရနေပြီကွ။

အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်းOnde histórias criam vida. Descubra agora