(11.2)

114 20 0
                                    

(11.2)

လူသစ်ရွာရဲ့တာဝန်တွေက အရမ်းကိုရိုးရှင်းပြီးတော့ ကစားသမားတွေ လည်ပတ်မှုအတွက် ရင်းနှီးလွယ်စေရန်ဖန်တီးထားတာပဲ။ NPCတွေကို ရှာပြီးစကားပြောရန်၊ အရာဝတ္ထုများဝယ်ရန်၊ ဘီးလူးငယ်တွေကိုတိုက်ခိုက်ရန် စတာတွေအတွက် ဖန်တီးထားတယ်။

ဝူဇယ်ဝမ့်က အွန်လိုင်းဂိမ်းကို ပထမဆုံးအကြိမ်ကစားတာဖြစ်ပေမဲ့လဲ မြန်ဆန်ပြီးတော့ လျင်မြန်တဲ့တုံ့ပြန်မှုရှိတယ်။ 3Dဂိမ်းရဲ့အမြင်ကို အဆင့်မြင့်တင်ပြီးတဲ့နောက်မှာတော့ တာဝန်တွေကိုလုပ်ဆောင်ရလွယ်ကူသွားခဲ့တယ်။ အထူးသဖြင့် ဝါရင့်ကစားသမား လီရှန်းရဲ့ အကူအညီနဲ့ ပိုမိုမြန်ဆန်ခဲ့တယ်။

(၁၅)မိနစ်ကြာပြီးနောက် သူတို့နှစ်ယောက်လုံး အဆင့်(၁၀)ကိုရောက်လာခဲ့ပြီး‌ ရွာရဲ့ဝင်ပေါက်မှာရှိတဲ့ နည်းပြဆီကို‌ ရောက်လာခဲ့ကြတယ်။

အဆင့်(၁၀)မှာတော့ လူသစ်ရွာကနေ ထွက်ခွာပြီးတဲ့နောက် အဆင့်မြင့်တင်ဖို့အတွက် နောက်ထပ်အဆင့်အနေနဲ့ မြို့တစ်ခုဆီကို ဆက်သွားဖို့လိုအပ်တယ်။

လူသစ်ရွာမှာ နေရာလေးခုရှိတယ်။ အဆိပ်ငါးသွယ် နဲ့ ထန်ဂိုဏ်းသားတို့ရဲ့တာဝန်က တောင်ပိုင်းမှ ရှင်းကျင်းမြို့မှာရှိပြီး၊ ရှောင်လင်နဲ့ နဲ့သူတောင်းစားဂိုဏ်းတို့ကတော့ အလယ်မှာရှိတဲ့ ယွမ်ယဲ့လို့ခေါ်တဲ့မြို့ကိုသွားရလိမ့်တယ်။

မင်ကျောက်နဲ့ ဝူတုန်ကတော့ အနောက်ပိုင်းမြို့ဆီကိုသွားရမှာဖြစ်ပြီး Emeiနဲ့ ရှောင်ယောင်ကတော့ ကျင်းနန်မြို့ကိုသွားရလိမ့်မယ်။

လူသစ်တွေရဲ့တာဝန်တွေက တူညီကြပြီး ခွဲထုတ်ထားရတဲ့အကြောင်းအရင်းကတော့ နယ်မြေတစ်ခုတည်းမှာ လူများတဲ့အခြေအနေကို ရှောင်ရှားဖို့ပဲဖြစ်တယ်။

သူတို့ NPCဆီကို ရောက်တဲ့အချိန်မှာ လီရှန်းက သူ့ခေါင်းကိုလှည့်ပြီးတော့ ပြောတယ်။

" ဇယ်ဝမ့်.. မင်း တောင်ပိုင်း ရှင်းကျင်းဆီကိုသွားပြီး တာဝန်တစ်ခုကိုလုပ်ရမယ်.. မင်း အဆင့်၁၅ကို ရောက်ရင် ဂိုဏ်းလမ်းညွှန်က မင်းကို  အဆိပ်ငါးသွယ်ဂိုဏ်းဆီကို တိုက်ရိုက်ထည့်ပေးလိမ့်မယ်..  အဓိကဇာတ်ကြောင်းအားလုံးက level (25)ကိုရောက်ရင်  ဆက်သွယ်သွားလိမ့်မယ်လို့ ခန့်မှန်းရတာပဲ..  အဲဒီအဆင့်ကိုရောက်ရင် မင်းငါ့ကိုလာရှာလိုက်!"

အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်းWhere stories live. Discover now