Volume(2) chapter (2) တရုတ်နိုင်ငံရဲ့ အကောင်းဆုံးသော အိပ်ဆောင်ခေါင်းဆောင်

162 28 0
                                    

Unicode

2: တရုတ်နိုင်ငံရဲ့ အကောင်းဆုံးသော အိပ်ဆောင်ခေါင်းဆောင်

လျို့ချွမ် သူ့ရဲ့အထုတ်အပိုးတွေကို အလျှင်အမြန်ရှင်းလင်းကာ ရေချိုးခန်းထဲသို့ဝင်သွားလိုက်တယ်။

သူရေချိုးပြီး ထွက်လာချိန်မှာတော့ လီရှန်းနဲ့အခန်းဖော်တွေက ဂိမ်းပွဲကိုအဆုံးသတ်ထားခဲ့ပြီ။ လီရှန်းက ခေါင်းပြန်လှည့်ကာ ပြောလာတယ်။

"အိုး ဟုတ်သားပဲ လျို့ချွမ်.. ငါတို့က မနက်ပိိုင်းမှာ အတန်းတွေသိပ်မရှိတော့ ညဘက်မှာ နောက်ကျမှအိပ်လေ့ရှိတယ်.. မင်းရဲ့ပုံမှန်အလေ့အထကရောဘယ်လိုလဲ? ဘယ်အချိန်အိပ်လေ့ရှိတာလဲ"

လျို့ချွမ်:"အဆင်ပြေပါတယ်.. ငါလည်း ညဇီးကွက်ပဲလေ"

"အိုး ကောင်းတာပေါ့!"
လီရှန်း စိတ်သက်သာရာရစွာနဲ့ ရှင်းပြလာတယ်။

"လသာဆောင်မှာ အဝတ်လျှော်စက်ရှိတယ်နော် .. လူတိုင်းသုံးလို့ရတယ်.. နောက်ပြီးဘီဒိုထဲမှာ ပဲနို့စက်နဲ့ ထမင်းပေါင်းအိုးလည်းရှိတယ် .. ငါတို့က အိပ်ဆောင်မှာလည်း ချက်စားလေ့ရှိတယ်လေ.. မင်းလိုချင်တာမှန်သမျှယူသုံးလို့ရတယ်"

လျို့ချွမ် ရှုပ်ထွေးသွားရတယ်။

"အိပ်ဆောင်မှာ ပုံမှန် ချက်စားတာလား"

လီရှန်းက ပြုံးပြလာတယ်။

"တကယ်တော့ ငါတို့က အပျင်းကြီးနေလို့လေ.. ငါတို့တွေ အောက်ထပ်ကိုဆင်းချင်ပြီး အစားအသောက်သွားမဝယ်ချင်တဲ့အခါမျိုးဆိုရင် အသင့်စားခေါက်ဆွဲတွေပဲ ချက်စားလိုက်ကြတာ .. အမဲသားနှပ်၊ ပုစွန်ချဥ်စပ် ၊ ဝက်ရိုးစွပ်ပြုတ် ကြက်သားနဲ့မှိုစတူး .. ငါတို့ဆီ ခေါက်ဆွဲအရသာအစုံရှိတယ်နော် .. မင်းကြိုက်တာစားလို့ရတယ်"

လျို့ချွမ်:"....'

အတန်းဖော်လေး.. မင်းအခုပြောလိုက်တဲ့စကားတွေက ဘာကြောင့်များသနားစရာကောင်းနေရတာလဲ?

လီရှန်း: " ဒင်နာပါတီအတွက် မင်ယွဲ့ဆိုင်ကိုသွားကြစို့.. ငါက အခန်းကြီးကြပ်သူဖြစ်လို့ ငါတို့ရဲ့ အခန်းဖော်သစ်လေးကိုကြိုဆိုဖို့ လိုက်ကျွေးရမှာပေါ့!"

အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်းTahanan ng mga kuwento. Tumuklas ngayon