(7.1)မင်းရဲ့ အိုင်ဒေါကိုသတ်ချင်နေတယ်ပေါ့? အံ့ဖွယ် ချင်ယဲ့"ကျဲကျဲ"?

190 32 0
                                    

Unicode

(7.1) မင်းရဲ့ အိုင်ဒေါကိုသတ်ချင်နေတယ်ပေါ့? အံ့ဖွယ် ချင်ယဲ့"ကျဲကျဲ"?

ကျိုးဝမ်ချောင်နဲ့ ကျန်းရွှယ်တို့ ဆွေးနွေးလက်စ တစ်ဝက်တစ်ပျက်လောက်မှာပဲ တံခါးကရုတ်တရက် အသံမြည်လာခဲ့တယ်။ အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားတဲ့ ဆရာမငယ်လေးက တံခါးကိုတွန်းဖွင့်ကာ အထဲကိုဝင်လာခဲ့တယ်။ သူမက  သူတို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးနေတာကို တွေ့တော့ ပြုံးပြီးမေးလာတယ်။

“ဘာတွေအကျိတ်အနယ်ဆွေးနွေးနေကြတာလဲ..အဆေင်ကိုပြန်ပြီး အနားမယူကြသေးဘူးလား”

ကျိုးဝမ်ချောင်က ယဉ်ကျေးစွာနဲ့မတ်တပ်ရပ်ကာ ပြောလိုက်တယ်။

"လင်းလောင်ရှီး.. ကျွန်တော်တို့က ဒီနေ့ Rhythm Master ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးနေကြတာ.. ဒီနေ့ ဖိုင်နယ်အထိ တက်လာတဲ့ကစားသမားနှစ်ယောက်က ပထမတန်းစား စားသမားတွေလို့ပြောလို့ရတယ်.. သူတို့ရဲ့လက်အရှိန်က  လူတိုင်းကို အံ့အားသင့်အောင်လုပ်နိုင်ခဲ့တယ်လေ'

လင်းလောင်ရှီးက နေ့လည်တုန်းက  အလုပ်များနေခဲ့တာကြောင့် ပြိုင်ပွဲကို လာမကြည့်နိုင်ခဲ့ဘူး။

"ပထမတန်းစား ကစားသမား?"

ကျိုးဝမ်ချောင်: “သူတို့နှစ်ယောက်က အဆင့် (10) ရှိတဲ့သီချင်းကို ရမှတ်အပြည့်ရခဲ့တယ်လေ.. ချန်ပီယံဖြစ်သွားတဲ့ဝူဇယ်ဝမ်းက စန္ဒယားကို ကျွမ်းကျင်ပညာရှင်အဆင့်မှာရှိနေတာ.. သူ့ရဲ့လက်အရှိန်က တော်တော်ကြီးမြန်ဆန်လွန်းတယ်.. နောက်တစ်ယောက်ကတော့ သမိုင်းဌာနက လျို့ချွမ်ပဲ.. သူ့ရဲ့လက်အမြန်နှုန်းကလည်း ဝူဇယ်ဝမ်းမဲ့ အတူတူနီးပါးလောက်ရှိတယ်..  လောင်ရှီးကသမိုင်းဋ္ဌာနရဲ့အကြံပေးဆိုတော့ သူ့အ​ခြေအ​နေကိုသိလား"

"လျို့ချွမ်လား"

လင်းလောင်ရှီး တစ်စက္ကန့်လောက်ရပ်တန့်သွားပြီး ပြောလာတယ်။

“ဒီကျောင်းသားဆိုရင်တော့ ငါ့အနေနဲ့ သူ့အကြောင်းကိုပြောပြဖို့ အဆင်မပြေဘူး.. မင်း သူ့အကြောင်းကိုမေးနေတာ သူ့ကို  Esports အသင်းအဖွဲ့ထဲကိုဝင်စေချင်လို့လား"

အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်းOnde histórias criam vida. Descubra agora