(6) အသေးစား ငွေတိုးပေးသမားလေး

190 39 1
                                    

Unicode

6. အသေးစား ငွေတိုးပေးသမားလေး

Rhythm Master ပြိုင်ပွဲက ကျောင်းဝင်းအတွင်း စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုအဖြစ် အမြန်ဆုံးဖြစ်လာခဲ့တယ်။  ထိုနေ့မှာပဲ ကျောင်းဝင်းအတွင်းရှိ BBS(ဖိုရမ်) ရဲ့ ထိပ်တန်းပို့စ်ဆယ်ခုမှာ —

"တက္ကသိုလ်ကျောင်းဝန်း Rhythm Master ပြိုင်ပွဲ၊  မျှော်လင့်မထားသော ပထမတန်းစားကျွမ်းကျင်သူ!" ဆိုတာက ကြီးစိုးနေပြီး SSအဆင့်ရလဒ်နဲ့ Sသုံးလုံးရလဒ်တွေတွေရဲ့ ပုံတွေကိုပါ ဖော်ပြထားခဲ့တယ်။

ထိုပို့စ်က ဆက်လက်ကြီးထွားလာခဲ့ပြီး ထောင်ထျောင်*ဆီသို့ပါ ပျံ့နှံသွားခဲ့ကာ  မှတ်ချက်အရေအတွက်တွေကလည်းစာမျက်နှာပေါင်းဒါဇင်နဲ့ချီအောင် တိုးမြင့်လာခဲ့တယ်။

(T/n_တရုတ်နိုင်ငံရဲ့ သတင်းအချက်အလက် ပလက်ဖောင်းပါပဲ)

ချန်ပီယံဝူဇယ်ဝမ်း နဲ့ ပတ်သတ်ပြီး သူ့အကြောင်းကို အများကြီးသိထားတဲ့ ရူပဗေဒဌာနက သူ့ရဲ့နောက်ခံကို မြန်ဆန်စွာ ကြွားဝါထုတ်ဖော်လာကြတယ်။

နှစ်စဉ် ပညာသင်ဆုများရရှိထားသော ရူပဗေဒဌာနရွှယ်ပါ့တစ်ယောက်ဖြစ်ပြီး ထူထဲတဲ့အုတ်နီခဲလို ရည်ညွှန်းစာအုပ်တွေကို သယ်ဆောင်လာကာ စာကြည့်တိုက်ထဲမှာ တစ်နေကုန်နေပြီး စာဖတ်တတ်ကြောင်း ၊ တကယ်ကို ပည်ရေးစံပြပုဂ္ဂိုလ်ဖြစ်ကြောင်း စတာတွေပေါ့။

သူ့ရဲ့အကြီးမားဆုံး ချို့ယွင်းချက်ကတော့ လူတွေရဲ့မျက်နှာကိုမမှတ်မိတတ်တာနဲ့ အကြောသေနေတဲ့ မျက်နှာထားတို့ဖြစ်လေတယ်။

သူက သူရဲ့အနီးမှာရှိတဲ့လူတွေကိုတောင် မကြာခဏမမှတ်မိတာမျိုးဖြစ်တတ်သလို သူ့ရဲ့မျက်နှာကလည်း ဘယ်လိုအမူအယာမျိုးကိုမှ ဖော်ပြလေ့မရှိတတ်ဘူး။မင်းအနေနဲ့ သူ့ရှေ့မှာ ဟာသတွေ ဘယ်လောက်ပဲ ပြောနေပါစေ၊ သူကတော့ မင်းကို မျက်လုံးဝိုင်းဝိုင်းနဲ့ တည်ငြိမ်စွာပဲဆက်ကြည့်နေလိမ့်မယ်။
ဒါက သူ့ကို ဟာသပြောနေတဲ့ တစ်စုံတစ်ယောက်ကိုပဲ အရူးနဲ့တူလာစေလိမ့်မယ်။

သူ့ရဲ့ခေါင်းထဲမှာ သင်္ချာဖော်မြူလာတွေနဲ့သာ ပြည့်နှက်နေပြီး သာမန်လူတစ်ယောက်နဲ့ ယှဉ်ရင် မတူညီတဲ့ကမ္ဘာပေါ်မှာနေထိုင်နေသလိုမျိုးပဲ။

အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်းWhere stories live. Discover now