Unicode
Volume(2) အွန်လိုင်းဂိမ်းတွေဆီ ပြန်လာပြီ
စာသင်နှစ်ရဲ့အစ
သြဂုတ်လ ၂၉ရက်၊ ကွမ်ကျိုးမြို့။
စာသင်နှစ်တစ်ခုရဲ့ နောက်ထပ်နှစ်အစကိုပြန်ရောက်လာခဲ့ပြီ။ ရထားဘူတာမှာလည်း ကျောင်းသားသစ်လေးတွေအတွက် ဆိုင်းဘုတ် bannerတွေနဲ့ ကြိုဆိုပေးထားလျက်ရှိတယ်။
ဒီနေ့အတွက် Cတက္ကသိုလ်ကျောင်းသားတွေကို ကြိုဆိုပေးဖို့ရောက်လာသူကတော့ သမိုင်းဌာနမှ စတုတ္ထနှစ်ကျောင်းသူဖြစ်တဲ့ ကျောင်းကောင်စီဒုဥက္ကဌဖြစ်သူ ကျန်းရွှယ်ပဲ။ သူမက ထူထဲလှတဲ့ဆံပင်ရှည်ကိုပိုင်ဆိုင်ထားတဲ့အလှလေးဖြစ်ပြီး သူမရဲ့ခြေတံရှည်တို့က ညနေခင်းတချိန်လုံး ပူပြင်းနေခဲ့တဲ့ နေရောင်ခြည်ရဲ့အပူရှိန်အောက်မှာ ရထားဘူတာဆီသို့ အားမာန်အပြည့်နဲ့ ဆက်လျှောက်နေခဲ့တယ်။
ညနေခင်း လေးနာရီခွဲလောက်မှာတော့ သူမက များစွာသောစာပေဌာနမှ ရှစ်မေ့လေးတွေနဲ့တွေ့ဆုံခဲ့ပြီးဖြစ်တယ်။ သူမက ခေါင်းကို ထပ်မံလှည့်ပတ်ကြည့်လိုက်တော့ မနီးမဝေးဆီမှ အရပ်ရှည်ရှည်နဲ့ ကောင်ငယ်လေးတစ်ယောက်ကို မြင်တွေ့လိုက်ရတယ်။ ထိုလူငယ်လေးက ရိုးရှင်းတဲ့ ဂျင်းဘောင်းဘီနဲ့ အနက်ရောင်တီရှပ်တို့ကိုဝတ်ဆင်ထားတယ်။ သူ့ရဲ့ရှည်လျားလွန်းလှတဲ့အရပ်ကြောင့် များစွာသောလူအုပ်ကြားမှာတောင် သူ့ရဲ့ရုပ်သွင်က ရှင်းလင်းနေခဲ့လေရဲ့။ သူက ဦးထုပ်ကို ခပ်နိမ့်နိမ့်ဆောင်းထားပြီး ကြီးမားတဲ့နေကာမျက်မှန်ကိုပါ တပ်ထားသေးတာကြောင့် သူ့ရဲ့ထင်ရှားရှင်းလင်းတဲ့မေးရိုးလိုင်းနဲ့ ထောင့်စွန်းလေးတွေမြင့်တက်နေတဲ့ ပြုံးနေသယောင်နှုတ်ခမ်းတို့ကိုသာမြင်နေရတယ်။
ထိုလူငယ်လေးက Cတက္ကသိုလ်ကျောင်းသားတွေကို ကြိုဆိုတဲ့ဆိုင်းဘုတ်တွေရှိရာဆီသို့ တည့်မတ်စွာလျှောက်လာခဲ့တယ်။
ဒီယောကျာ်းလေးအတန်းဖော်ရဲ့အသွင်အပြင်က အတော်လေးမိမိုက်နေတာမဟုတ်ဘူးလား? ဒီတော့ လူအုပ်စုက သူတို့ရဲ့ခေါင်းကို ထိုလူငယ်လေးရှိရာဆီသို့ မရည်ရွယ်ပါပဲ လှည့်ကာ ကြည့်နေမိကြတယ်။

ESTÁS LEYENDO
အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်း
AventuraEsport Gaming MC Gong Shameless Gong teamwork