(10) အွန်လိုင်းဂိမ်းအတွင်း ဝင်ရောက်ခြင်း
ချင်ယွဲ့ သူ့ရဲ့ အိပ်ဆောင်ဆီသို့ ပြန်ရောက်ပြီးနောက် သူရဲ့ ဖုန်းကိုဖွင့်ကြည့်လိုက်ချိန်မှာ QQ groupထဲမှ မက်ဆေ့ခ်ျအသစ်တွေ ဝင်နေတာကိုတွေ့လိုက်ရတယ်။ ထို"ခရုတီဝူလင် ပရိုဖက်ရှင်နယ်လိဂ်" ဆိုတဲ့ ချစ်စဖွယ်ကာရိုက်တာပုံလေးကိုတစ်ချက်ကြည့်ရင် ဒီတစ်ခုက ပရော်ဖက်ရှင်နယ်ကစားသမားလို့ တွေးထင်စရာမရှိဘူး။ သို့ပေမဲ့ ဒါက ပရော်ဖက်ရှင်နယ်ကစားသမားတွေ သီးသန့်ဖွဲ့စည်းထားတဲ့ group တစ်ခုပဲဆိုတာကို သိထားသင့်တယ်။
ကပ္ပတိန်တွေ၊ အဓိက ကစားသမားတွေ၊ လူစားထိုးကစားသမားတွေ—ပရော်ဖက်ရှင်နယ် ကစားသမား အများအပြားက groupရဲ့လူဦးရေ ကန့်သတ်ချက်ကို ကျော်လွန်လုနီးပါးဖြစ်တဲ့အထိ ဒီ groupထဲသို့ ထည့်သွင်းခံထားရတယ်။
ပရော်ဖက်ရှင်နယ်ကစားသမားတွေရဲ့ စာရိုက်တဲ့အမြန်နှုန်းက အလွန်လျင်မြန်လွန်းတာကြောင့် စကားပြောခန်းအတွင်းမှ မျက်နှာပြင်က မျက်တောင်တစ်ခတ်အချိန်ထက်ကျော်လွန်ပြီး ရွှေ့လျားနေခဲ့တယ်။
ချင်ယဲ့ကတော့ တခြားလူတွေနဲ့ မတူညီပဲ စာရိုက်ရတာကို ပျင်းရိလွန်းတယ်လေ။ သူ့ကို အင်တာနက်ပေါ်မှ စကားပြော groupတွေမှာ တွေ့နိုင်ခြင်းမရှိသလို အမျိုးမျိုးသော အထွေထွေဂရုတွေကိုလည်း စိတ်ဝင်စားခြင်းမရှိဘဲ ထို ဂရုတွေကို ဘလော့ထားလေ့ရှိတယ်။
ထို ဘလော့ထားတဲ့ group က သူသတ်မှတ်ထားတဲ့သော့ချက်စာလုံးတွေအကြောင်းကို တစ်စုံတစ်ဦးက ပြောဆိုကြောင်း ဖော်ပြလာတယ်။
[မာစတာ စန်းစစ်*] : ယဲ့ဆဲ့.. မင်း တရားဝင်updateထားတဲ့ Emei လက်နက်ရဲ့ အချက်အလက်ကို ဖတ်ပြီးပြီလား
(Note_ * Sansi - သုံးကြိမ်စဉ်းစားပါ/ တစ်ခုခုမလုပ်ခင် သေသေချာချာစဉ်းစားပါ)
မာစတာစန်းရဲ့ နာမည်အပြည့်အစုံက ရှောင်းစစ်ကျင်း ဖြစ်ပြီး ချီရှင်းချောင်အဖွဲ့ရဲ့ ကပ္ပတိန်ဖြစ်လေတယ်။
စစ်ကျင်းဆိုတဲ့နာမည်က သတိအမြဲတမ်းရှိနေရန်၊ လေးလေးစားစားတွေးခေါ်တတ်ရန်၊ မေးခွန်းတွေမေးတတ်ရန်၊ တွေးတောကြံဆတတ်ရန်နဲ့ အဓိပ္ပာယ်ကို ရှင်းလင်းစွာသိမြင်စေရန် သိမြင်ရန် ဆိုတဲ့အတွေးကိုးမျိုးရှိတဲ့ လူကြီးလူကောင်းဆိုတဲ့စကားကနေ ယူထားခဲ့တာပဲ။ သူ့ရဲ့မိဘတွေက သူ့ကို အစစအရာရာမှာ အလေးအနက်ထားပြီး ကျွမ်းကျင်တဲအထိ လုပ်ဆောင်စေလိုတဲ့ဆန္ဒတွေရှိနေတာ ထင်ရှားတယ်။
YOU ARE READING
အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်း
AdventureEsport Gaming MC Gong Shameless Gong teamwork