Unicode
ပရိသတ်တွေက ယခင်ရှိနေနှင့်သော တုန်လှုပ်ချောက်ချားမှုတွေကို မကျော်လွှားနိုင်သေးခင်မှာပဲ ဝူဇယ်ဝမ်းရဲ့ နောက်တစ်ကြိမ်ထိတ်လန့်ဖွယ်စွမ်းရည်ကြောင့်သူတို့ကို မေးရိုးပြုတ်ကျသွားစေပြန်တယ်___
800 combo……1000 combo……1300 combo……1600 combo……1800 combo……!
ဝူဇယ်ဝမ်းလည်း 1827 comboကို ရရှိခဲ့တယ်!
ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာက ကြောက်စရာကောင်းလောက်အောင် ပြီးပြည့်စုံတဲ့ SSS ရမှတ်ကို တစ်ဖန်ပြန်ရခဲ့တာပဲ!!!
လျို့ချွမ် SSS ရမှတ်ကို ရတဲ့အချိန်မှာ ပရိသတ်တွေ အံ့အားသင့်စွာနဲ့ ကြောင်အ နေခဲ့ကြတယ်။ သူ့နောက်က နီးကပ်စွာလိုက်လာတဲ့ ဝူဇယ်ဝမ်းကလည်း SSS ရလဒ်ကို နောက်တစ်ခါ ရရှိခဲ့ပြန်ပြီး လူတိုင်းကို မယုံနိုင်လောက်အောင်ဖြစ်စေခဲ့တယ် ......
မှတ်တမ်းနှစ်ခုလုံး ချိုးဖျက်နိုင်တယ်?!
သေစမ်း! မင်းတို့နှစ်ယောက်က ဘယ်လိုမျိုးထူးခြားတဲ့ ဝမ်းဗိုက်ထဲက ထွက်လာကြတာလဲဟ။ နိုင်ငံတော်အဆင့်ရဲ့ ဖိုင်နယ်သီချင်းကိုလေ။ မင်းတို့က ပြီးပြည့်စုံစွာနဲ့ ဖျော်ဖြေရန် ပေးခဲ့ကြတယ်ပေါ့။
MCကျန်းရွှယ်ရဲ့အသံက တုန်ယင်နေခဲ့တယ်။
"လျို့ချွမ်ရဲ့နောက်ကိုလိုက်ပြီး ဝူဇယ်ဝမ်းကလည်း noteတွေအားလုံးကို ပေါင်းစပ်ရယူနိုင်လိုက်ပြီးတော့ ပြီးပြည့်စုံသောရလဒ်ကို ထပ်မံရရှိခဲ့ပါတယ်! သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးရမှတ်က (180 080)ပါ.. ဒါက ဒီသီချင်းရဲ့ ရမှတ်အပြည့်ဖြစ်သလို နိုင်ငံတော်အဆင့်စံချိန်ကိုလည်း ချိုးဖျက်နိုင်တာဖြစ်ပါတယ်!!!'ပရိသတ်တွေရဲ့ လက်ခုပ်သံတွေက ထိန်းမနိုင်သိမ်းမရဖြစ်နေကာ အားပေးမှုတွောလည်း မနားတမ်းထွက်ပေါ်နေခဲ့တယ်!
ကျန်းရွှယ်က စိတ်လှုပ်ရှားစွာနဲ့ :
"ပထမအချီမှာဝူဇယ်ဝမ်းက အနိုင်ရခဲ့ပြီး ဒုတိယအချီမှာတော့ သူတို့နှစ်ယောက်က သရေရမှတ်ကိုရရှိခဲ့ပါတယ်!.. ဒါကြောင့် ကျွန်မတို့တွေအဆုံးအဖြတ်ပေးမဲ့ ပွဲစဥ်ဖြစ်တဲ့ တတိယအချီကို စတင်လိုက်ရအောင်! နောက်ဆုံးယှဥ်ပြိုင်ပွဲအတွက် သီချင်းရွေးချယ်ဖို့ ဝူဇယ်ဝန်းကို ဖိတ်ခေါ်လိုက်ပါတယ်!"

YOU ARE READING
အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်း
AdventureEsport Gaming MC Gong Shameless Gong teamwork