(10.2)အွန်လိုင်းဂိမ်းအတွင်း ဝင်ရောက်ခြင်း

144 24 1
                                    

(10.2)

အသစ်ဖွင့်လှစ်ထားခဲ့တဲ့ ဧရိယာကို ဝင်ဖို့အတွက် လီရှန်းတစ်ယောက် သူ့ရဲ့ အိပ်ဆောင် (301)မှ ညီအစ်ကိုတွေကို ခေါ်လာဖို့ ဆန္ဒရှိနေခဲ့ပေမဲ့ သူ့ရဲ့ အခန်းဖော် နှစ်ဦးစလုံးက သူတို့ရဲ့ level တွေကို နောက်တစ်ကြိမ် အသစ်က ပြန်မစတင်ချင်ခဲ့ကြဘူး။

နောက်ပြီး လျို့ချွမ်.. အဲဒီတစ်ယောက်ကတော့ လီရှန်းနေ့လည်ခင်း အိပ်ယာကနေ ထလာတဲ့အချိန်ကတည်းက ရှာလို့ မရတော့တာပဲ။

နောက်ဆုံးတော့ သူ့အနေနဲ့ ပထမဆုံးအွန်လိုင်းဂိမ်းကစားမဲ့ အတွေ့အကြုံ(လုံးဝ)မရှိသေးတဲ့လူသစ်လေး ဝူဇယ်ဝမ့်ကိုသာ သူ့ကိုကူညီဖို့ဆွဲခေါ်လာခဲ့ရတယ်။

ဧရိယာအသစ်မဖွင့်ခင် နာရီဝက်လောက် အချိန်ရှိနေသေးသော်လည်း လီရှန်းက ဂိမ်းကို ဖွင့်ထားပြီးသားဖြစ်နေပြီဖြစ်ကာ အချိန်တွေကို ရေတွက်နေခဲ့တယ်။

သူ အလွန်အမင်းစိတ်မရှည်ဖြစ်နေခဲ့ပြီး အချိန်ကို မြန်မြန်ကုန်စေချင်နေခဲ့တယ်။
တစ်ဖက်မှ ဝူဇယ်ဝမ့်ကတော့ သူနှင့်မတူညီစွာ အလွန်အေးဆေးတည်ငြိမ်နေပြီး တရားဝင်ဝဘ်ဆိုဒ်မှာအချက်အလက်တွေကိုစစ်ဆေးနေခဲ့တယ်။

လီရှန်း ဘေးကိုကြည့်လိုက်တော့ တစ်ဖက်လူက အဆိပ်ငါးသွယ်ဂိုဏ်းနဲ့ပတ်သက်တဲ့ စာမျက်နှာကိုဖွင့်နေခဲ့ပြီး ဂိုဏ်းခွဲတွေနဲ့heroအမျိုးအစားတွေအတွက် မိတ်ဆက်ချက်တွေကို ဂရုတစိုက်ကြည့်ရှုနေတာကို မြင်တွေ့လိုက်ရတယ်။

နူးညံ့သိမ်မွေ့ပြီး မျက်မှန်တပ်ထားတဲ့ ကောင်လေးက ထိုဂိမ်းစာမျက်နှာကိုကြည့်တဲ့အချိန်မှာ အမျိုးသားစာပေကိုဖတ်ရှုနေတဲ့ ပညာရှင်တစ်ယောက်လို အလေးအနက်ရှိနေခဲ့တယ်။

အဆိပ်ငါးသွယ်က ရှင်းကျင်းရဲ့ တောင်ပိုင်းမှာ တည်ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုဖြစ်လေတယ်။

ဂိုဏ်းရဲ့တပည့်တွေက မြောင်တို့ရဲ့ဓလေ့ထုံးတမ်းများအတိုင်း ထူးကဲတဲ့ငွေထည်လက်ဝတ်ရတနာတွေကို ပေါကြွယ်ဝစွာ ဝတ်ဆင်ကြလေ့ရှိတယ်။

သူတို့ရဲ့ အမျိုးသမီးဂိုဏ်းသားတွေက ဆွဲညို့ဖမ်းစားနိုင်ပြီး အမျိုးသားဂိုဏ်းသားတွေကတော့ လျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆလို့မရနိုင်တဲ့ ပုံစံမျိုးရှိတယ်။

အသန်မာဆုံးဂိမ်းနတ်ဘုရား ပြန်လာခြင်းTempat cerita menjadi hidup. Temukan sekarang