1

94K 188 5
                                    


ကျော်ကြီး (ခေါ်) ကျော်ကျော်မိုး နဲ့ ဝါဝါစိုး တို့ အိမ်ထောင်ကျ တော့ ကျော်ကြီး လောက်ပျော်သည့်သူ ကမ္ဘာတွင် ရှိအံ့ မထင်။ သူ့လို မျိုး သာမန်ရုပ်ရည်၊ သာမန်ကိုယ်လုံးကိုယ်ထည် နှင့် ငွေကြေးလည်း ချမ်းသာသူ မဟုတ် သော ရိုးရိုး ဆရာဝန်ပေါက်စ တယောက် က၊ ဝါဝါစိုးလို ဆေးကျောင်းမှ ကွင်း၊ မိဘ ဆွေမျိုးအသိုင်းအဝန်း ကလည်း နာမည်ကြီး ငွေကြေးဂုဏ်သိက္ခာ ရှိကြသူတွေ။ အဲလို ကောင်မလေး မျိုးနှင့် အိမ်ထောင်ကျ သည် ဆိုတော့ အများသူငါ မနာလို ကြသည်မဟုတ်လား။ဝါဝါစိုး နှင့် ကျော်ကြီးမှာ ဆေးကျောင်းမှာ အတန်းတူ စာအတူတူ ကျက် အတူသွားအတူလာ သူငယ်ချင်း အုပ်စု အတူတူ၊ ပိုက်ဆံရှိသလောက် အနေအေးသော ဝါဝါစိုး က ရိုးရိုး ကုတ်ကုတ်နေတတ်သော ကျော်ကြီး နှင့် ပိုတွဲမိသည်။ နောက်တော့လည်း သမီးရီးစား ဖြစ်လာကြသည်။ သူတို့ သမီးရီးစား ဆိုသည်မှာ တခြားသူတွေလို၊ ဟိုဟာ ဒီဟာ စမ်းကြ၊ လုပ်ကြ၊ ကိုင်ကြ မဟုတ်ကြ။ သူ့ဘဝ မှ သူမသေခြာသော ကျော်ကြီးက ဝါဝါစိုး နှင့် သူ့ကို ဝါဝါစိုး မိဘ ဆွေမျိုးတွေ ဘက်က သဘောတူမယ်လို့တောင် မထင်။ သူတို့ နှစ်ယောက် တွဲနေကြတာကို ကား မကန့်ကွက်။ ထို့ကြောင့်လည်း သူတို့ နှစ်ယောက်မှာ ချစ်သူ ဘဝနှင့် ကျောင်းပြီး၊ အလုပ်သင် ဆရာဝန် ဆင်း အပြီးတွင်၊ ဝါဝါစိုးကပင် လက်ထပ်ကြရအောင်ဟု ဆိုတာ သူတို့ နှစ်ယောက် လက်ထပ်လိုက်ကြလေသည်။ ဝါဝါစိုး မိဘတွေဖက်က ကျော်ကြီးကို ဟိုးအရင်ကတည်းက သိသော လူရိုး လူအေးမို့ သဘောတူသည်။ သမီးကို လည်း အလိုလိုက်သည် ဆိုတော့ သမီး စိတ်ချမ်းသာရင် ပြီးရော၊ ကျော်ကြီး ကလည်း ဆရာဝန် တယောက်မို့ သမီးလည်း စိတ်ချရသည်ဆိုပြီး ရန်ကုန်မှာ သူတို့ လင်မယား အတွက် တိုက်ခန်း တခန်း ဝယ်ပေးခဲ့လိုက်သည်။

ဝါဝါစိုး ရော ကျော်ကြီးရောမှာ မင်္ဂလာဦးည ကျမှ အပျိုရည် လူပျို ရည်ပျက်ကြရသည်။ နှစ်ဦးစလုံးလည်း ငယ်ချစ်လို ဖြစ်။ လိင်ကိစ္စ မှာလည်း ပထမဦးဆုံး ကြုံကြဖူးကြသူတွေမို့ တယောက်ကို တယောက် ချစ်စိတ်၊ ယုံကြည်စိတ်တွေက တိုးပွားလာခဲ့ကြသည်။ သို့သော်လည်း ယခု ခေတ် ကာလ လူငယ်တို့ ၏ ထုံးစံ အတိုင်း အလုပ်အကိုင် ကို ရှာဖွေ ကြရတော့ သူတို့ မတွေးထင်ထားသည့် အခက်အခဲ တို့ဖြင့် ကြံုရတော့သည်။ကျော်ကြီးမှာ ဆေးနှင့် ဆေးပစ္စည်း များ ရောင်းဝယ်သည့် နိုင်ငံခြား ဆေး ကုမ္ပဏီ တခုမှာ အလုပ်ရသည်။ ဝါဝါစိုး ကတော့ ပရိုက်ဗိတ်ဆေးရုံ တခု မှာ လုပ်ရင်းဖြင့် ပိုက်ဆံပိုပေးသော တောင်ကြီး က ဆေးရုံ တခု မှာ အလုပ်ရသည်။ ပထမ တော့ ခနစမ်းလုပ်ကြည့်ကြပြီးမှ ဆုံးဖြတ်မည်ဟု အလွယ်တွေးကာ ကိုယ်ရသည့် အလုပ်ကို ဝင်လုပ်ခဲ့ကြသည်။ နောက်တော့ တဖြည်းဖြည်း နစ်ဝင်သွားသလားမသိ ကိုယ့်အလုပ် က ကိုယ် ရုန်းမထွက်နိုင်တော့။ ဝါဝါစိုး က တောင်ကြီးမှာပဲ သူမ မိဘတွေ ဝယ်ပေးသော တိုက်ခန်းလေး တခန်းမှာ သူမဘာသာ သူမ နေလေသည်။ ခွင့် ရက် အခြေအနေကောင်းရင် ကောင်းသလို ကျော်ကြီး ရှိတာ ရန်ကုန်သို့ ပြန်သည်။ တလ တခါလောက် ပြန်နိုင်အောင် ကြိုးစားသည်။ သို့သော်လည်း ကျော်ကြီးမှာ အလုပ်ကိစ္စ ကြောင့် နယ်သွားနေရသည့် အချိန်ဆို ဝါဝါစိုး ရန်ကုန်ပြန်လာလည်း မတွေ့ရသည့် အချိန်တွေ ရှိလာခဲ့ရသည်။

ဘဝတစ်ခုDonde viven las historias. Descúbrelo ahora