Part 4

1.9K 174 15
                                    


Jungkookက ဂျီငယ်လေးကိုအရမ်းချစ်ပြခဲ့သည်။ ဂျီငယ်လေးပူဆာသမျှအရာအားလံုးမညည်းမငြူဖြည့်ဆည်းပေးသည်။ဘယ်သူကထင်ပါ့မလဲ jungkookက ဂျီငယ်လေးကိုမချစ်ဘူးလို့။ဘေးလူတွေကတောင် jungkookက Jiminကိုအရမ်းချစ်တာပဲလို့ပြောပီးအားကျလောက်ရတဲ့အထိကို ချစ်ပြခဲ့သည်။အခုလဲ ဂျီငယ်လေးက ကစားကွင်းသွားချင်လို့ပါဆိုတာနဲ့ရောက်ပီးသားပဲ။ကစားကွင်းရောက်တော့လဲ တစ်ခုပီးတစ်ခု မမောနိုင်မပန်းနိုင်ဆော့နေတဲ့ကောင်လေးနောက်က ထပ်ကြပ်မကွာလိုက်ပီးဂရုစိုက်ပေးသည်။

"အမလေး မောလိုက်တာ"

"အခုတော့မောနေပီပေါ့ ဗိုက်ဆာနေပီလား"

"ဟင့်အင်း.....ဟိုမှာပင်လယ်ဓားမြသွားထပ်စီးရအောင် Kook"

"ခုနကပြောတော့ မောနေပီဆို ကလေးရဲ့"

"ဟာ.... Kookကလဲ ဒီတစ်ခုပဲစီးတော့မယ်လေနော်.... လာပါ..သွားစီးကြရအောင်"

Jungkookလဲ Jiminဆွဲခေါ်ရာနောက်လိုက်လာပီး ပင်လယ်ဓားမြပေါ်တက်လိုက်သည်။ကစားကွင်းရောက်တည်းကတစ်ခုပီးတစ်ခုကစားနေတာ တကယ့်ကလေးလေး။ Jiminဒီလောက်အဆော့မက်လိမ့်မယ်လို့မထင်ခဲ့ပါ။ပင်လယ်ဓားပြလဲ စထွက်တာနဲ့ Jiminဆီမှအော်သံထွက်လာတော့သည်။ကြောက်လို့တဲ့လေ။ စီးချင်တာလဲသူပဲ အခုကြပြန်တော့လဲကြောက်လို့ပါတဲ့ ။

"ဟင်!ဘာဖြစ်လို့လဲကလေး"

"ကြောက်လို့....ဟင့်...ဟင့်"

"လာ ....ကိုယ့်ကိုဖက်ထား"

Jiminလဲ Jungkookရင်ခွင်ထဲတိုးဝင်ပီးဖက်ထားလိုက်သည်။

နောက်တစ်ခါတော့ပင်လယ်ဓားမြကိုမစီးတော့ဘူး။ဒီလောက်ကြောက်စရာကောင်းမယ်မှန်းမသိလို့စီးခဲ့မိတာ။ခုလို Kookနဲ့အတူစီးရရင်တစ်မျိုးပေါ့။

အောက်ရောက်ပြန်တော့လဲ မူးလို့တဲ့လေဂျီငယ်လေးက။

"ရရဲ့လား...ကလေး"

"မူးလိုက်တာ..."

"အဆင်ပြေရဲ့လား...ကိုယ့်ပခုံးပေါ်ခနလေးမှီထားလိုက်"

"အင်း....."

ခနကြာသော်...

"လာ...အမူးပြေသွားအောင် အအေးတစ်ခုခုသွားသောက်ရအောင်"

မောင့်ရဲ့စေလိုရာ❣️💔Where stories live. Discover now