တိတ်ဆိတ်နေသော အခန်းတွင်း ထွက်ပေါ်နေသော တဒါက်ဒေါက်ခေါက်သံတစ်ခု။ မောင်လို့ခေါ်လိုက်တာ ဘယ်သူမှန်းခုထိမသိသေး။
အဲ့နေ့ညတည်းက ရန်ဖြစ်လိုက်တာ ခုချိန်ထိ နှစ်ယောက်ကမျက်နှာချင်းမဆိုင်နိုင်။ Park Jiminစိတ်ဆင်းရဲပီးရောဆိုပီး ကိုယ်ကလဲဘာမှပြန်မဖြေရှင်းခဲ့။ကိုယ်လိုချင်တာက သူအချိန်တိုင်းစိတ်ညစ်နေဖို့ပဲ။ဟန်းနီးမွန်းထွက်ဖို့ Jin Hyungကတော့ပြောပါရဲ့။ကိုယ်ကချစ်လို့ယူထားတာမှမဟုပ်တာလေ အလကားအပိုအလုပ်တွေ။ စိတ်ဆင်းရဲစေချင်ပါတယ်ဆိုမှ ဘာအတွက်ကြောင့် ဟန်းနီးမွန်းထွက်ရမှာလဲ ။ နှစ်ယောက်လုံး ချစ်လွန်းလို့ယူထားတယ်ဆိုတစ်မျိုးပေါ့ ပျော်ပျော်ရွှင်ရွှင်သွားရချည်သေးရဲ့။စိတ်ဒုက္ခပေးချင်လို့ပါဆို ပျော်ပျော်ရွှင်ရွှင်သွားပီးပြန်လာတဲ့ ။Jin Hyungနဲ့တော့တကယ်ခက်ပါရဲ့။
မနက်ကလဲ Park Jiminနဲ့စကားအချေအတင်ဖြစ်ရသေးသည်။သူ့ကိုအလုပ်ထုတ်လိုက်လို့တဲ့။ကိုယ်က သူ့အနားချည်းကပ်ချင်လို့သာ အတွင်းရေးမှူးရာထူးပေးထားတာလေ ။အခုတော့သူ့ကိုအဲ့ဒီနေရာမှာလိုမှမလိုအပ်တော့တာ။ငါထားရင်ထားသလိုနေပေါ့ မကြိုက်ဘူးလို့ မင်းမှာငြင်းခွင့်မရှိဘူး park Jimin။
"ဒေါက်! ဒေါက်!"
"ဝင်ခဲ့"
Nanjoonလဲ jungkookရှေ့ကခုံတွင်ဝင်ထိုင်လိုက်ပီး လက်ထဲကစာအိတ်လေးကိုခုံပေါ်သို့ပစ်ချလိုက်သည်။Jungkook လဲ စာအိတ်ကို မေးငေါ့ပြလိုက်ပီး
"ဘာလဲ အဲ့တာက"
"မင်းစုံစမ်းခိုင်းထားတဲ့ကိစ္စလေ မင်းတို့နှစ်ယောက်ကြားထဲဝင်မွှေသွားတဲ့ဟာမလေး"
"ရလာပီပေါ့ မြန်သားပဲ Hyung"
Jungkookလဲစာအိတ်ကိုဖောက်ကြည့်လိုက်တော့ ရုံးခန်းထဲဝင်လာတဲ့ပုံတွေ ကိုယ့်ဖုန်းကိုယူပီးဖုန်းေပြာေနတဲ့ပုံတွေ အထပ်လိုက်
"သူ့နာမည်က Kiddyတဲ့"
"အွန်း"
"သူက...."
"ရပီ Hyung ကျနော်သူ့အကြောင်းမသိချင်ဘူး"
ဘာပဲဖြစ်ဖြစ် ကစားပွဲကစပီလို့သတ်မှတ်လိုက်မယ် ခံနိုင်ရည်ရှိပါစေ park Jimin။
YOU ARE READING
မောင့်ရဲ့စေလိုရာ❣️💔
Romanceကိုယ့်ကိုမချစ်တဲ့လူနားမှာနေလဲအပိုပါပဲ သူက ကိုယ့်ကိုမှပြန်မချစ်နိုင်တာ ပြန်ချစ်မှာပါလေဆိုတဲ့စိတ်နဲ့ အားတင်းထားပေမဲ့လဲ ပြိုလဲရတာကိုယ်ကိုယ်တိုင်ပါပဲ လွှတ်ချသင့်တာလွှတ်ချလိုက်ရင်တော့ အဆင်ပြေသွားမယ်ထင်တာပဲ မုန်းတယ်လို့ထင်ခဲ့ ပေမယ့် မမုန်းရက်ပြန်ဘူး ချစ...