part 11

2.7K 195 21
                                    

"မလုပ်ပါနဲ့တော့ တောင်းပန်ပါတယ်"

"မင်းအပြစ်ကို မင်းမသိဘူးလား!"

ဝတ်ရုံအနက်အရှည်ဝတ်ထားတဲ့ လူကြီးဟာ
ခါးပတ်နဲ့ ခန္ဓာကိုယ်ငယ်လေးကို အကြိမ်ကြိမ်ရိုက်ထားပီးတာမို့ ခန္ဓာကိုယ်ငယ်လေးဟာ ကုတင်ခြေရင်းမှာ ပုံလျက်သားလေးပင်ငိုယိုပီး တောင်းပန်နေရှာသည်။

"ရှေ့ခိုးဆိုရှေ့ခိုးပါမယ် ...အဟင့်.... ကျနော်..ကျနော်...တောင်းပန်ပါတယ်"

"ချွမ်း! ချွမ်း!"

ကျောပေါ်ထပ်မံကျရောက်လာပြန်တဲ့ ခါးပတ်ရာများ။နောက်ထပ် ရိုက်ရန်လက်ပြင်လိုက်စဉ်မှာပင် အခန်းတံခါးဖွင့်သံနဲ့အတူလူတစ်ယောက် ဝင်လာတာကိုတွေ့လိုက်ရသည်။

ဘယ်သူများလဲငါ့ကိုလာကယ်တာဖြစ်ပါစေ။
အချက်ပေါင်းမြောက်မြားစွာရိုက်ခံထားရ၍နောက်ကျောတစ်ခုလုံး အထိမခံနိုင်လောက်အောင်နာကျင်လှပီ။ခုချိန်မှာ လူတစ်ယောက်ဝင်လာတာမြင်လိုက်ရတာမို့ မျော်လင့်ချက်လေးထားမိပြန်သည်။လူတစ်ယောက်ဝင်လာတာတွေ့ပေမယ့် မျက်နှာကိုသေချာမမြင်ရ။

မျက်နှာတစ်ခုလုံးလဲအရိုက်ခံထားရပီးငိုထားတာတွေကြောင့်အရှေ့ကလူကို ဝိုးတိုးဝါးတားလေးသာမြင်ရသည်။သူများလား သူငါ့ကိုလာကယ်တာလား  မျက်လုံးကိုသေချာဖွင့်ကာအားယူပီးကြည့်လိုက်တော့......

ဖျတ်ခနဲမျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက မျက်နှာကျက်အဝါရောင်တစ်ခု။ဘေးပတ်ပတ်လည်ကြည့်လိုက်မိတော့ အခန်းပတ်ပတ်လည်အဝါရောင်ဆေးခြယ်ထားတဲ့သူတို့နှစ်ယောက်ရဲ့အခန်း။

"ငါအိမ်မက်ဆိုးတွေပြန်မက်နေတာပဲ"

ခန္ဓာကိုယ်တစ်ခုလုံးလဲ ချွေးတွေတစ်ကိုယ်လုံးရွှဲနစ်လို့။နဖူးပေါ်တင်ထားတဲ့ ရေပတ်ဝတ်လေးကို စမ်းမိတော့

ငါမနေ့က ဟိုအခန်းထဲမှာမလား။အဲ့ကနေဒီကိုဘယ်လိုလုပ်ပြန်ရောက်လာတာလဲ။ kookများ ငါ့ကို ခေါ်လာခဲ့တာလား။

အတွေးလေးနဲ့အတူမျက်နှာလေးပေါ်မှာ အပြုံးလေးတစ်ပွင့် ကျရောက်လာခဲ့သည်။

မောင့်ရဲ့စေလိုရာ❣️💔Where stories live. Discover now