Jeonသည်ပြသနာဖြစ်ပီးနောက်ပိုင်းအိမ်ကိုပြန်မလာပါ။ကုမ္မဏီမှာပဲအိပ်ကုမ္မဏီမှာပဲနေကာ တစ်ချက်လေးတောင်ကိုယ်ကို ဂရုမစိုက်ခဲ့ပါ။ တစ်ခါတလေတော့လဲ Jeonဟာ ကိုယ့်ကို တကယ်မချစ်ခဲ့ပါလားဆိုတဲ့အတွေးမျိုးရောက်ရောက်လာတတ်သည်။ထိုသို့အတွေးမျိုးဝင်လာရင် ချက်ချင်းပဲ Jeonကငါ့ကို ချစ်လို့လက်ထပ်ခဲ့တာ ဒါကြောင့်ဒီလိုမျိုးမတွေးသင့်ဘူးဆိုကာ မုန်းလို့လက်ထပ်ခဲ့တာဆိုတဲ့အမှန်တရားကို မျက်ကွယ်ပြုခဲ့သည်။
တစ်ပတ်မှနှစ်ပတ် တစ်လမှနှစ်လအထိ Jeonဟာအိမ်ပြန်မလာခဲ့ပါ။နေနိုင်လိုက်တာလို့လဲမပြောရက်တော့ပါဘူး။သူမချစ်ဘူးဆိုတာ သိလိုက်ရတော့ နာကျင်ရုံပါပဲ။ကိုယ်နဲ့ပတ်သက်ခဲ့သမျှလူတိုင်းက ကိုယ့်အပေါ်နာကျင်မှုတွေပဲပေးခဲ့တော့ ခံနိုင်ရည်ရှိနေပီနဲ့တူပါတယ်။
အခုတလောကိုယ်ရဲ့ဂေါရာအခြေအနေကပြန်ဆိုးလာတော့ ဆေးခန်းကိုပြန်သွားပြရဦးမည်။ Hoseok Hyungမရှိတည်းက သူဆေးခန်းကို မသွားဖြစ်တော့တာပါ။အခုတလော စိတ်တွေညစ်ပီး စိတ်ထဲတွေလဲမကြည်တာလဲပါမှာပေါ့။ခေါင်းတွေခနခနကိုက်ပီး အိပ်လိုက်ရင်တော့ ပျောက်ပျောက်သွားတတ်သည်။
မနက်ဖြန်တော့ Jeonဆီကိုလိုက်သွားမယ်။တောင်းပန်သင့်ရင်လဲတောင်းပန်ရမယ်လေ။ဒီလိုပဲဆက်သွားနေလို့တော့မဖြစ်တော့ဘူးမလား။သို့ပေမယ့်လဲ သွားတွေ့မှအခြေအနေတွေပိုဆိုးကုန်ရင်ဘယ်လိုလုပ်မလဲ ပိုပီးမုန်းသွားရင်ရော ။ဒါပေမယ့်လဲ ခနလေးလောက်တော့မျက်နှာလေးမြင်ချင်သေးတယ်လေ။အဝေးကပဲဖြစ်ဖြစ် သူမျက်နှာလေးကိုတော့ကြည့်လို့ရသေးတယ်မလား။
အတွေးလွန်နေခဲ့သောသူသည် ကုတင်ပေါ်တွင်ငုတ်တုတ်လေးထိုင်ကာ ငေးငေးငိုင်ငိုင်ရယ်ပါ။ ခနအကြာမှာတော့ ခန္ဓာကိုယ်သေးသေးလေးသည် စောင်ပုံကြားထဲသို့ ဖြည်းညှင်းစွာ ခရုခွံလေးလိုတိုဝင်သွားခဲ့သည်။စောင်ထဲမှ ကိုယ်ငယ်လေးသည် တုန်ခါလာပီးနောက် ရှိုက်သံတိုးတိုးလေးသည်လဲ အခန်းအတွင်းသို့ ပျံနှံစွာကျရောက်လာလေသည်။
"ဒီစာချုပ်မှာ လက်မှတ်ထိုးမလား မထိုးဘူးလား"
ကြိုးအထပ်ထပ်ဖြင့်ချုပ်နှောင်ခံထားရသောကောင်လေးသည် အရှေ့မှ လူအား ရွံရှာသလိုကြည့်လာသည်။
YOU ARE READING
မောင့်ရဲ့စေလိုရာ❣️💔
Romanceကိုယ့်ကိုမချစ်တဲ့လူနားမှာနေလဲအပိုပါပဲ သူက ကိုယ့်ကိုမှပြန်မချစ်နိုင်တာ ပြန်ချစ်မှာပါလေဆိုတဲ့စိတ်နဲ့ အားတင်းထားပေမဲ့လဲ ပြိုလဲရတာကိုယ်ကိုယ်တိုင်ပါပဲ လွှတ်ချသင့်တာလွှတ်ချလိုက်ရင်တော့ အဆင်ပြေသွားမယ်ထင်တာပဲ မုန်းတယ်လို့ထင်ခဲ့ ပေမယ့် မမုန်းရက်ပြန်ဘူး ချစ...