ဆေးရုံရှေ့မှ ခုံတန်းလေးပေါ်တွင် ထိုင်ကာ နားမလည်သော ဆေး စာရွက်တစ်ခုအား အချိန်အတော်ကြာသည်အထိစိုက်ကြည့်နေမိသည်။
ဆရာဝန်ပြောသောစကားအား ပြန်ကြားယောင်မိသောအခါ သက်ပြင်းရှည်တစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။
ရာသီဉတုသည် ခပ်စိမ့်စိမ့်လေးဖြစ်နေကာ လွမ်းမောဖွယ်ရာ။
ရာသီဉတုနဲ့ဆန့်ကျင်စွာ ပူလောင်နေသောသူသည် ထိုခုံပေါ်တွင်ထိုင်နေသော park Jiminသာဖြစ်သည်။
မျက်လုံးရှေ့တည့်တည့်တွင် လာရပ်သော ခြေထောက်တစ်စုံကြောင့်စာရွက်ကိုကြည့်နေရာမှ ထိုခြေထောက်ပေါ်သို့ရွေ့လျားကြည့်မိသည်။
"မတွေ့တာကြာပီနော် park Jimin"
ဒီအသံ ။ဒီအသံဟာသူ့အတွက်တော့ တကယ့်ကြောက်မယ်ဖွယ်ရာအတိ။ ရှေ့တည့်တည့်မှလူကို အလန့်တကြားမော့ကြည့်လိုက်သောအခါ မြင်လိုက်ရသောမျက်နှာသည် သူ၏စိတ်ဝိညာဉ်အား အခြားကမ္ဘာသို့ခေါ်ဆောင်သွားလေသည်။
"ဟေ့ အရမ်း surpriseတွေဖြစ်သွားလား"
"ခင်များ!"
မတ်တပ်ထရပ်လိုက်သောအခါ ခန္ဓာကိုယ်သည် မထနိုင်ပဲ ခုံပေါ်သို့တစ်ဖန်လဲကျလာသည်။
"ဟွန်း...မင်း ယောင်္ကျားရနေပီဆို ဘယ်လိုလဲယောက်င်္ကျားကတော်တော်မှဂရုစိုက်ရဲ့လား"
"ခင်များ ထယ်ကိုသတ်လိုက်တာလား"
မေးခွန်းနဲ့အဖြေသည်ကွဲလွဲစွာ။
"ဟားးးဟားးးးငါ့သတ်လိုက်တာလို့ပြောလို့ရသလို မင်းသတ်လိုက်တာဆိုလဲဟုတ်တယ်"
"ကျနော် ဘယ်တုန်းကမှ ထယ့်ကိုမသတ်ခဲ့ဘူး"
"မင်းဦးနှောက်သေးသေးလေးနဲ့ ကိစ္စတိုင်းကို လိုက်မှိမယ်ထင်နေတာလား"
"လူယုတ်မာ"
"ဟုတ်တယ် ငါကလူယုတ်မာနောက်ထပ်လဲထပ်ယုတ်မာဦးမှာ ဒါကြောင့်ဒီနေ့ကစပီး သတိထားနေ"
"ကျနေ့ာဆီမှာရှိသမျှ ခင်များယူသွားပီးပီပဲလေ ဘာထပ်လိုချင်သေးလို့လဲ တော်ပါတော့"
"အဟွန်း မကြာခင်သတင်းကောင်းကြားရမှာပါစောင့်ကြည့်နေလိုက်"
YOU ARE READING
မောင့်ရဲ့စေလိုရာ❣️💔
Romanceကိုယ့်ကိုမချစ်တဲ့လူနားမှာနေလဲအပိုပါပဲ သူက ကိုယ့်ကိုမှပြန်မချစ်နိုင်တာ ပြန်ချစ်မှာပါလေဆိုတဲ့စိတ်နဲ့ အားတင်းထားပေမဲ့လဲ ပြိုလဲရတာကိုယ်ကိုယ်တိုင်ပါပဲ လွှတ်ချသင့်တာလွှတ်ချလိုက်ရင်တော့ အဆင်ပြေသွားမယ်ထင်တာပဲ မုန်းတယ်လို့ထင်ခဲ့ ပေမယ့် မမုန်းရက်ပြန်ဘူး ချစ...