လေတဖြူးဖြူးတိုက်ခတ်နေသော ပင်လယ်ကမ်းခြေတစ်ခု လှိုင်းလုံးကြီးတွေက ကမ်းစပ်ပေါ်တက်လာလိုက် ပြန်ဆင်းသွားလိုက် ကျောက်ဆောင်တွေပေါ်ရိုက်ခတ်လိုက်နဲ့ တကယ့်လှပတဲ့မြင်ကွင်းလေးပါပဲ။အလှပဆုံးကတော့ ပင်လယ်ပြင်ကြီးကိုနောက်ခံထားပီးဝင်လုဆဲဆဲ နေမင်းကြီးကို ငေးကြည့်နေတဲ့ ကိုယ်ငယ်လေး။အဝေးကကြည့်မယ်ဆိုရင် အလွန်လက်ရာမြောက်လွန်းတဲ့ပန်းချီကားလေးသဖွယ်။
ဒီနေ့က Kookနဲ့ ကျနော်နဲ့ Honey Moon ထွက်လာခဲ့တာ ဘယ်ကိုသွားမယ်ဆိုတာသေသေချာချာမပြောပြပဲ ရောက်လာတော့ပင်လယ်ကမ်းခြေတစ်ခု။ကျနော်ကပင်လယ်ကိုအရမ်းကြိုက်တာမို့ ပင်လယ်ကိုတွေ့တော့တကယ်ပျော်သွားခဲ့တာ။ပင်လယ်သွားမယ်လို့အစောတည်းကပြောရင် ပင်လယ်ကမ်းခြေနဲ့လိုက်ဖက်မယ့် ဝတ်စုံလေးတွေယူလာခဲ့ပါတယ်။အခုတော့ပါသမျှဝတ်စုံကတစ်ထည်မှ ပင်လယ်ကမ်းေခြနဲ့မအပ်စပ် ပါသမျှဘောင်းဘီအရှည် အကျီဆိုလဲအကုန်လက်ရှည်တွေချည်းပဲယူလာမိတာ။
အခုမှဘောင်းဘီအတိုလေးတွေမထည့်ခဲ့ရတာနောင်တရမိသလိုလို။ဒါနဲ့ Kookကဘယ်ကိုများသွားတာလဲမနက်ရောက်တည်းက အပြင်ကိုခနဆိုပီးထွက်သွားတာ ကိုယ်တရေးတမောအိပ်ပီးညနေကမ်းခြေလမ်းဆင်းလျောက်နေတဲ့အထိတောင် သူကပြန်မရောက်သေး ။ဖုန်းဆက်ကြည့်တော့လဲ ဖုန်းကအခန်းထဲမှာကျန်နေခဲ့တာ။ ဒီလိုအချိန်က နှစ်ယောက်အတူတူလမ်းလျောက်ပီး တီတီတာတာလေးတွေပြောနေရမယ့် အချိန်မလား။အခုတော့ကိုယ်တစ်ယောက်တည်း။
Jiminလဲ ကမ်းခြေဘက်မှ အခန်းရှိရာသို့ပြန်လာခဲ့သည်။တစ်နေရာအရောက်မှာတော့ Jiminရဲ့မျက်လုံးတစ်စုံဟာ တကယ့်အံဩမှုအပြည့်။ Jungkookရဲ့လက်တစ်ဖက်ကိုချိတ်ပီး လိုက်ပါလာသောကောင်မလေးတစ်ယောက်။ Jungkookကလဲပြုံးလို့ရွှင်လို့ ကောင်မလေးရဲ့ မေးစေ့လေးကိုင်လိုက် ပခုံးလေးဖက်လိုက်နဲ့ တကယ့်ကို ချစ်သူရည်းစားတွေလိုမျိုး။အခု Jungkookက အဲ့ကောင်မလေးခေါ်ပီး ငါတို့အခန်းထဲသွားနေတာလား။ jiminလဲ ခြေထောက်ကိုသွက်သွက်လေးလှမ်းလိုက်ပီး jungkookအနောက်ကိုမှီအောင်လိုက်ခဲ့လိုက်သည်။
"Kook!" "Kook လို့"
Jungkookလဲခေါ်သံကြားလို့နောက်ကြည့်လိုက်ပီး Jiminကိုမြင်တော့
YOU ARE READING
မောင့်ရဲ့စေလိုရာ❣️💔
Romanceကိုယ့်ကိုမချစ်တဲ့လူနားမှာနေလဲအပိုပါပဲ သူက ကိုယ့်ကိုမှပြန်မချစ်နိုင်တာ ပြန်ချစ်မှာပါလေဆိုတဲ့စိတ်နဲ့ အားတင်းထားပေမဲ့လဲ ပြိုလဲရတာကိုယ်ကိုယ်တိုင်ပါပဲ လွှတ်ချသင့်တာလွှတ်ချလိုက်ရင်တော့ အဆင်ပြေသွားမယ်ထင်တာပဲ မုန်းတယ်လို့ထင်ခဲ့ ပေမယ့် မမုန်းရက်ပြန်ဘူး ချစ...