part 12

3K 199 31
                                    

မိုးတွေရွာတဲ့နေ့မှာ ထိုကောင်လေးနဲ့စတင်တွေ့ဆံုခဲ့တယ်။မိုးတွေရွာတဲ့နေ့မှာပဲ ထိုကောင်လေးနဲ့ရင်းနှီးခဲ့ပြန်တယ်။

ကော်ဖီဆိုင်ရဲ့ထောင့်စွန်းဝိုင်းလေးမှာထိုကောင်လေးကိုချစ်ရေးဆိုခဲ့တော့ အံဩသွားတဲ့ မျက်ဝန်းကျဉ်းလေးတွေရယ် နှုတ်ခမ်းဖူးဖူးလေးတွေကသက်သေ။

ကိုယ် အရုပ်လေးကိုချစ်တယ်ဆိုတော့ အံအံဩဩလေးကိုမော့ကြည့်လာခဲ့တာ။ကျနော့မှာအသဲယားလို့မဆုံးပါဘူးဗျာ။

ကိုယ်ကိုချစ်လားမေးတော့ စဉ်းစားပါရစေဦးတဲ့။ ဒီလူကိုစဉ်းစားဖို့လိုသေးလို့လားဗျာ။

လက်လေးကိုဆုပ်ကိုင်မိတော့ ရှက်သွေးဖြာပီး မျက်နှာလေးကို ငုံပီး ပြန်လို့တောင်မော့ကြည့်မလာတော့ဘူး။ဒီလူမှာအသဲယားလို့မဆုံး။

အော်...ကျနော်သူ့ကိုချစ်ရေးဆိုတဲ့နေကလဲမိုးတွေရွာနေခဲ့တာပဲ။

ဒီတစ်ယောက်တည်းကိုမြင်မြင်ချင်းမြတ်မြတ်နိုးနိုးချစ်မိခဲ့တာ။ တစ်ယောက်သောသူသိရင်တော့လှောင်နေတော့မှာပဲ။

အဆင်မပြေလာခဲ့သမျှ Jiminဆိုတဲ့ ဒီလူသားလေးနဲ့တွေ့ရင်အမြဲတမ်းပျော်ရွှင်ရပီး အဆင်မပြေမှုတွေကတော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်မြဲ။

ကြာလာတော့ ကျနော် သူ့ကိုပိုင်ဆိုင်ချင်လာတယ်။သူသာအနားမှာရှိရင် ကျနော့အတွက် ဝမ်းနည်းစရာတွေ ရှိမှာမဟုပ်တော့ဘူး။သူ့ကကျနော့ရဲ့ ဘဝတစ်ခုဖြစ်လာခဲ့တယ်။

ဘယ်လိုကိစ္စမျိုးပဲရင်ဆိုင်ရရင်ဆိုင်ရ ကျနော်ကတော့ Jiminကိုအမြဲကာကွယ်ပေးနေမှာပါ။ကျနော့အသက်ဆုံးရှုံးခဲ့ရရင်ဆိုတောင်မှပေါ့။ သိပ်ချစ်တယ် Jimin။

                _________________

"ထယ် ရောက်နေတာကြာပီလား"

"မကြာသေးပါဘူး minရဲ့ "

"အကြာကြီးစောင့်လိုက်ရမှာစိုးလို့အားနာနေတာ"

"အားနာစရာလိုလို့လားကွာ ကိုယ်ချစ်သူဖြစ်မယ့်လူကို"

စကားလေးအဆုံး လက်မောင်းဆီသို့ လက်သီးဖွဖွလေးတစ်ခုရောက်လာခဲ့တယ်။ မြတ်နိုးလိုက်တာ Jiminရယ်။

မောင့်ရဲ့စေလိုရာ❣️💔Where stories live. Discover now