Part 10

2.2K 186 24
                                    

တိမ်တွေထူထပ်ပီးကောင်းကင်ကြီးက မှိုင်းညို့ညို့ မိုးရွာမယ်လို့ကြေညာထားပေမယ့်
အမြဲမေ့ပီး ထီးကယူမလာမိပြန်ဘူး။

ကျောင်းရှေ့ရောက်တော့ hobieကိုနှုတ်ဆက်ပီး bus ကားဂိတ်ကိုမြန်မြန်လေးသွားဖို့ပြင်ရသည်။မဟုပ်ရင်လမ်းတစ်ဝက်မှာတင်မိုးမိနိုင်တယ်မဟုပ်လား။
hobie ကအိမ်ကလာကြိုတဲ့ကားပေါ်တက်လိုက်ပီး

"Jimin"

"ဟင်"

"ငါ့ကားနဲ့တစ်ခါတည်းလိုက်ခဲ့လိုက်လေဝင်ပို့ပေးခဲ့မယ်"

"ရပါတယ် မလိုက်တော့ပါဘူး "

လမ်းကြုံလို့လိုက်သွားရတာ က တစ်မျိုးဆိုပေမယ့်အခုဟာက တစ်ခေါက်သက်သက်ကိုယ့်ကိုလိုက်ပို့ပေးနေရတာ သူကအဆင်ပြေတယ်ဆိုပေမယ့် ကိုယ်ကတော့သိတတ်ရမယ်မဟုပ်လား အမြဲတမ်းဆိုမကောင်းဘူးလေ။

"မိုးကရွာမယ်ထင်တယ် လာပါကားနဲ့သွားရအောင် မင်းမိုးမိနေမယ်"

"ငါဝင်စရာလေး ရှိသေးလို့ မိုးကတော့မမိလောက်ပါဘူး "

"အင်းပါ ဒါဆိုလဲဂရုစိုက်သွားဦး"

Jiminလဲhobiကိုနှုတ်ဆက်ပီးမိုးမရွာခင် busဂိတ်ကိုအမြန်ရောက်အောင်သွားဖို့ပြင်ရသည်။ကောင်းကင်ကြီးကိုကြည့်မိပြန်တော့ မိုးကခုချက်ချင်းရွာချတော့မယ့်အနေအထား။

မေမေရှိစဉ်တုန်းကတော့ မေမေကအကုန်လိုက်လုပ်ပေးပီး ထီးဆိုလဲ မမေ့မလျော့အမြဲတမ်းထည့်ပေးတာမို့ မိုးရွာလို့ထီးမပါတာမျိုးဖြစ်မှာစိုးရိမ်စရာမလိုပါ။

မေမေ မရှိတဲ့နောက်ပိုင်းကျသိပ်အဆင်မပြေခဲ့ပါဘူး။တစ်ခုမဟုပ်တစ်ခုကတော့ အမြဲမေ့မေ့ကျန်ခဲ့တယ်။အခုလဲထီးကပါမလာပြန်ဘူး။ဒေါ်လေးကလဲ အလုပ်တစ်ဖက်နဲ့မအားတာမို့ ကိုယ့်ကို အမြဲတမ်းလုပ်မပေးနိုင်ဘူးလေ။

အခုလဲမိုးကရက်စက်ပြန်ပီ။လမ်းတစ်ဝက်မှာတင် မိုးတွေကရွာလာတာမို့ စိတ်ပျက်စွာ ညည်းညူမိလိုက်သည်။

"မိုးကလဲကွာ"

မိုးတွေကအဆက်မပြတ်ရွာလာပေမယ့် မိုးစက်တွေကတော့ ကိုယ်ပေါ်ကိုတစ်စက်လေးတောင်မှကျမလာခဲ့ဘူး။အပေါ်ကို မော့ကြည့်လိုက်တော့ ထီးအနက်ရောင်လေးတစ်ချောင်းကနေရာယူထားသည်။ဘေးကိုပြန်လှည့်ကြည့်လိုက်တော့ သူ့ကိုကြည့်ပီးပြုံးပြနေတဲ့ကောင်လေးတစ်ယောက်။

မောင့်ရဲ့စေလိုရာ❣️💔Where stories live. Discover now