"ဖြန်း!"
ကော်ဖီဆိုင်အတွင်းရိုက်သံတစ်ခုသည် အကျဉ်းတန်စွာထွက်ပေါ်လာခဲ့သည်။
စားပွဲဝိုင်းတစ်ချို့မှလူတွေသည် အသံလာရာသို့ စူးစမ်းသလိုကြည့်လာကြသည်။
"ငါ့ကို ဖြေချင်းချက်လေးနည်းနည်းလောက်ပေးပါဦးထယ်"
"......"
ထယ်သည် နီရဲသွားတဲ့ပါးတစ်ဖက်ကို ဂရုမစိုက်နိုင်။စူးစမ်းသလို စိုက်ကြည့်နေကြတဲ့လူတွေကိုလဲ ဂရုမစိုက်အား။
စားပွဲပေါ်မှ ဓာတ်ပုံ တစ်ခုကိုသေချာစိုက်ကြည့်နေခဲ့သည်။
"သူဘယ်သူလဲဆိုတာမင်းလဲသိတာပဲ"
"လမ်းခွဲရအောင်"
"ထယ်!"
"လမ်းခွဲရအောင် Jimin"
"အပိုတွေမပြောနဲ့တော့ ပြန်စဉ်းစားပီး သေချာလာတောင်းပန် သွားပီ"
Jiminသည် ထယ့်ကို တစ်ယောက်ထဲထားခဲ့ကာ ကော်ဖီဆိုင်လေးအတွင်းမှ ထွက်လာခဲ့လိုက်သည်။
ထယ်သည် Jiminထွက်သွားပီးနောက် စားပွဲပေါ်မှ ဓာတ်ပုံလေးအားဆုပ်ကိုင်ကာ လုံးချေပစ်လိုက်သည်။
"ငါမတောင်းပန်ပါရစေနဲ့ jiminရယ်"
မျက်ရည်တစ်ချို့သည် ပါးပြင်ပေါ်သို့ အတိုင်းအဆမရှိစွာ စီးဆင်းလာလေသည်။
Jiminတို့နှစ်ေယာက်မသိခဲ့တာက သူတို့ကိုကြည့်နေကြတဲ့မျက်လုံးတွေထဲမှာ တစ်ယောက်သောသူလဲပါနေခဲ့သည်ဆိုတာပဲ။
︵︵︵︵︵
Jiminသည် မျက်လုံးနှစ်လုံးဖွင့်ကြည့်လိုက်သည်ဆိုရင်ပဲ သူတို့နှစ်ယောက်ရဲ့အိပ်ရာပေါ်မှာ ရောက်နေခဲ့သည်။ ဘေးဖက်ကြည့်လိုက်သောအခါ အမြဲတမ်းလွတ်နေခဲ့သော နေရာလေး။
သက်ပြင်းရှည်တစ်ခုကို ချမိပြန်ပါသည်။
မနေ့ကအိပ်ရာပေါ်ကိုဘယ်လိုရောက်လာခဲ့လဲမသိ။ ခန္ဓာကိုယ်တစ်ခုလုံးလဲ ရိုက်ထားသလို နာကျင်နေခဲ့ပီး လှုပ်တောင်မလှုပ်ချင်တော့။အိပ်ရာပေါ်မှ ဖြည်းဖြည်းချင်းထလိုက်ကာ မျက်နှာသစ်ဖို့ပြင်ရသည်။
အကုန်လုံးပီးစီးသွားတဲ့အခါ မနက်စာ စားရန်အတွက် အောက်ထပ်သို့ဆင်းလာခဲ့သည်။
YOU ARE READING
မောင့်ရဲ့စေလိုရာ❣️💔
Romanceကိုယ့်ကိုမချစ်တဲ့လူနားမှာနေလဲအပိုပါပဲ သူက ကိုယ့်ကိုမှပြန်မချစ်နိုင်တာ ပြန်ချစ်မှာပါလေဆိုတဲ့စိတ်နဲ့ အားတင်းထားပေမဲ့လဲ ပြိုလဲရတာကိုယ်ကိုယ်တိုင်ပါပဲ လွှတ်ချသင့်တာလွှတ်ချလိုက်ရင်တော့ အဆင်ပြေသွားမယ်ထင်တာပဲ မုန်းတယ်လို့ထင်ခဲ့ ပေမယ့် မမုန်းရက်ပြန်ဘူး ချစ...