Part 6

1.9K 185 13
                                    

မနေ့တည်းကခုချိန်ထိ တစ်ရေးတောင်မအိပ်ပဲ ဧည့်ခန်းက ဆိုဖာပေါ်မှာ ငုတ်တုတ်လေးထိုင်နေမိသည်။ နံရံပေါ်ကနာရီကိုလှမ်းကြည့်လိုက်တော့ မနက် 6နာတိတိ။ ခုချိန်ထိ Kookပြန်မရောက်သေးဘူး။မနေ့က ဖုန်းလာကိုင်တဲ့မိန်းကလေးအသံကလဲ နားထဲကမထွက်။kookဖောက်ပြန်နေတာများလား။မဟုပ်လောက်ပါဘူးလေ ငါအတွေးလွန်နေတာပဲနေမှာပါ။ငါနဲ့ kook နဲ့က မနေ့ကမှလက်ထပ်ထားတာလေ ပီးတော့ Kookက ငါ့ကိုဒီလောက်ချစ်တာ။

"Jimin လေး ဒီမှာဘာထိုင်လုပ်နေတာလဲ"

Jin လဲ အိပ်ရာနိုးနိုးချင်းရေဆာလာတာနဲ့ရေသောက်ရန်ထမင်းစားခန်းထဲက ရေခဲသေတ္တာဆီအသွား ဧည့်ခန်းကဆိုဖာပေါ်မှာ ငုတ်တုတ်လေးထိုင်နေထိုင်နေတဲ့ အကောင်ပေါက်လေး ။မနေ့ကမဂ်လာပွဲကြောင့်ပင်ပန်းရတဲ့အထဲမှာ တစ်ညလုံးလဲအိပ်ထားတဲ့ပုံမပေါ် တော့မျက်လုံးလေးတွေကလဲ ချောင်ကျနေပီးပန်ဒါပေါက်လေးလို။

"ဟို kook ပြန်မရောက်သေးလို့ ! အဲ့တာ..စောင့်နေတာ "

"Jungkook မနေ့တည်းကပြန်မရောက်‌ေသးတာလား"

"ဟုပ်"

Jungkookဘာတွေလုပ်နေတာလဲ ။မနေ့ကလဲ မဂ်လာဦးညကြီးကို အပြင်ကိုထွက်သွားပီးပြန်မလာဘူးလား။Jiminလေးဖုန်းဆက်တော့လဲ ဘာပြောလဲမေးမရ ။ငိုပဲငိုနေတော့တာ အတူတူစောင့်ပေးမယ်ဆိုတော့လဲ အိပ်ရေးပျက်မှာဆိုးလို့သွားအိပ်ပါတဲ့။ကိုယ်လဲပင်ပန်းနေတာနဲ့ အိပ်ပျော်သွားတယ်။ကိုယ်ကပြန်လာတယ်ပဲထင်နေခဲ့တာ အခုမနက်ရောက်တဲ့အထိတောင်ပြန်မရောက်သေးဘူးတဲ့။ Jiminကိုကြည့်ရတာလဲ နည်းနည်းလေးတောင်အိပ်ထားတဲ့ပုံ‌မပေါ်ဘူး။ဒီအတိုင်းဆိုရင် ဒီကလေးတွေကို နှစ်ယောက်တည်းထားခဲ့မှာတောင်စိတ်မချဘူး။

"Jiminလေးမျက်နှာလေးသွားသစ်လိုက်လေ
Hyungစောင့်နေလိုက်မယ်"

"ရပါတယ် Hyungရယ် ခနနေပြန်လာတော့မှာပါ ဆက်စောက့်လိုက်မယ်"

"Jiminလေးကြည့်ရတာအရမ်းပင်ပန်းနေတဲ့ပုံပေါ်လို့ပါ အခန်းထဲမှာဖြစ်ဖြစ်သွားနားနေလိုက်ပါ Hyungဆက်စောင့်နေလိုက်မယ်"

"ဟုပ် Hyung ဒါဆိုကျနော်အပေါ်ခနသွားလိုက်ဦးမယ်"

Jiminလဲ အရမ်းပင်ပန်းနေတာမို jin Hyung‌ေပြာတဲ့အတိုင်းအပေါ်ကိုတက်လာလိုက်သည်။ ရေချိုးခန်းထဲဝင်ပီး ကိုယ်လက်သန့်စင်ပီး နောက် ကုတင်ပေါ်ခွေခွေလေးဝင်လှဲလိုက်သည်။ မကြာပါ အိပ်စက်ခြင်းဆီသို့.......

မောင့်ရဲ့စေလိုရာ❣️💔Where stories live. Discover now