Zawgyi
"Daddy...."
မတိုးမကျယ်အသံအနေအထားကြောင့် အနောက်သို့လှည့်ကြည့်မိသည်၊ ပြုံးပြနေတဲ့ရှောင်ကျန့်ကလည်း
သူ့ကိုအရင်လို စိတ်လှုပ်ရှားအောင်မလုပ်နိုင်တော့ဘူး...
Cigaretteအပိုင်းစအတိုကို ခွက်ထဲဖိချေရင်း ရှောင်ကျန့်ဆီလျောက်လာလိုက်တယ်....ရိပေါ်လက်ကိုဖမ်းဆွဲလိုက်တဲ့ ရှောင်ကျန့်က မိမိလမ်းလျောက်နှေးတာကို စိတ်မရှည်ဖြစ်နေပုံပင်
ပြီးတော့သူက ရိပေါ်ပခုံးထက်မှာ ဘာမှမဖြစ်ခဲ့သလို၊သူဘက်က ဖုံးဝှက်ထားတာမရှိခဲ့သလို သက်သောင့်သက်သာ မှီချလိုက်တယ်....သူဒီနှစ်တွေမှာ ရိပေါ်ကိုလိမ်ထားခဲ့တာတွေအတွက်စိတ်မပင်ပန်းဘူးလား၊ အလိမ်ခံရတဲ့ရိပေါ်ကကော
မျက်နှာပြောင်တိုက်ပြီး မသိချင်ယောင်ဆောင်ရဦးမည်လားအရင်ဆို သူရှောင်ကျန့်ကျောပြင်ကို ပွတ်သပ်ပေးပြီး
ပင်ပန်းလာသမျှဖြေဖျောက်ပေးချင်ပေမယ့်
ဒီအခြေအနေမှာသူငြိမ်သက်နေဖို့သာဆုံးဖြတ်ခဲ့သည်။"Daddy..!အရက်နံ့ရတယ်...."
အလန့်တကြားဖြင့် ရိပေါ်ပုခုံးကို စုတ်ကိုင်လာပြီး
ကြည့်လာတဲ့ ရှောင်ကျန့်ရဲ့မျက်ဝန်းတွေကို ရိပေါ်ရဲရဲကြီးစိုက်ကြည့်ခဲ့သည်။"Companyမသွားဘူးလား၊ စိတ်ညစ်စရာတစ်ခုခုရှိလို့လား...ကျွန်တော့်ကိုပြောပါ.."
"ဟုတ်ပြီ Daddyမပြောချင်လဲကျွန်တော်မမေးဘူး၊ဒါပေမယ့် တစ်ခုတော့ပြန်ဖြေပေး
ဘယ်သူနဲ့သွားခဲ့တာလဲ၊ ဟိုလူနဲ့လား.."ရိပေါ်ဆီမှ အဖြေကိုမရတဲ့ ရှောင်ကျန့်က ကျစ်တစ်ချက်စုတ်ကာ ပခုံးကိုခပ်တင်းတင်းဆုတ်ကိုင်လို့ သူလိုချင်တဲ့အဖြေကိုမရရအောင် တောင်းမည့်ပုံ
"မင်းရဲ့ဒီဦးနှောက်သေးသေးလေးထဲမှာ ငါ့ဘ၀ကိုဘယ်စိုးမိုးရမလဲ၊ ဘယ်လိုအပြစ်တင်ရမလဲဘဲတစ်ချိနိလုံးတွေးနေခဲ့တာလားရှောင်ကျန့်..."
အေးစက်နေတဲ့လေသံဖြင့် ပြောမိတဲ့အခါ အံ့ဩသလို့ မျက်ခုံးတွေပင့်တင်သွားတဲ့ ရှောင်ကျန့်ကြောင့်ရိပေါ်ခပ်ရို့ရို့သာပြုံးမိသည်၊ နာကျင်တတ်သားပဲ၊ ဒါဆိုဘာကြောင့်များ...