Daddy=Uke(14)uni+zg

1.8K 115 14
                                    

Unicode

"ရိပေါ်ကော...."

"လက်ထဲကကဘာတွေလဲ..."

၀မ်အန်းကို ရိပေါ်ကမေးငေါ့ပြလိုက်ရင်း၊ညစ်ပေနေသော ဖိနပ်အဖြူကို ဆွဲချွတ်ကာ ခပ်ဝေးဝေးတစ်နေရာသို့လွှဲပစ်လိုက်သည်။

"စပျစ်ခြံထဲက ခူးလာတာ ကော...."

ပေတိပေစုတ်ဖြစ်နေတဲ့ ၀မ်အန်းက အတောက်ပဆုံးအပြုံးကြီးနှင့်ရိပေါ်ကိုပြုံးပြလာတယ်၊အနားကိုလာဆိုသည့်သဘောဖြင့် ရိပေါ်လာလက်ယက်ခေါ်လိုက်ရင်း...

၀မ်အန်းလက်ထဲမှ ပန်းကန်လုံးကို လုယူလိုက်သည်

"ကောကော...!"

စိတ်ဆိုးသွားဟန်ဖြင့် ၀မ်အန်းက ဆူပုတ်လို့နေပေမယ့်ရိပေါ်ကမမူခဲ့ပါ
ခရီးမှ အိမ်အပြန်လမ်းမှာကားပျက်ပြီးသောင်တင်နေတဲ့ မိမိတို့အဖြစ်ကို ထပ်မံတွေးမိတော့ ကွပ်ပစ်ပေါ်ပက်လက်လှန်ကာ ရိပေါ်ဟက်ဟက်ပက်ပက်ရယ်မိပြန်တယ်...

"အခွံတွေကခွာထားတာလား"

စပျစ်သီးဆို အခွံခွာစားတတ်တဲ့ ရိပေါ်က ထိုအရာတွေကိုမြင်တော့ မျက်လုံးအရောင်တွေတဖျတ်ဖျတ်တောက်လာသည်။

"ဘယ်နှစ်ရက်တောင် ငါတို့ဒီမှာရှိနေတာလဲ
၀မ်ရိပေါ်ရဲ့ စိတ်ခံစားချက်တွေ မပြေလျော့သေးသရ်ျ ငါတို့ဒီမှာဘဲသောင်တင်နေရဦးမှာလား
၀မ်ရိပေါ်ရဲ့..Adult toysတွေကတော့ အနီရောင်အခန်းကြီးထဲမှာအဖော်မဲ့နေရှာပြီနေမယ်""

ဘေးနားလာထိုင်တဲ့ lutharရဲ့ခပ်တိုးတိုးစနောက်မှုကြောင့် ရိပေါ်ရဲ့မျက်နှာက ပုံမှန်ထက်ပိုတည်သွားသည်၊ထွက်လာတော့မယ့် ဒေါသတွေကိုချိုးနှိမ်ရင်း ပြောင်ပြောင်တင်းတင်းနှင့် အစိမ်းရောင်ရှိသောစပျစ်သီးလုံးတွေကို လက်ဖြင့်တို့ထိလိုက်သည်။

"Toysတွေက မင်းထင်သလောက်သက်သောင့်သက်သာရှိမှာမဟုတ်ဘူးနော် ရိပေါ်"

"သောက်ပါးစပ်ပိတ်ထား...."

ရိပေါ် lutharကို ကြိမ်းဝါးလိုက်ရင်း၊ ၀မ်အန်းဆီက ဓားမြတိုက်ထားတဲ့ ကွပ်ပစ်ပေါ် ရှိပန်းကန်လုံးထဲမှစပျစ်သီးတွေကို တစ်လုံးပြီးတစ်လုံးဟန်ပါပါနှိုက်စားနေလိုက်သည်။

《Dadd¥=Uke》Where stories live. Discover now